အမျိုးအစား (၁) Micro (တနိုင်တပိုင် – လုပ်ငန်း) ဟူသည် ၀န်ထမ်း (၅ ဦးအထိ)၊ ရင်းနှီးမြုပ်နှံငွေ (သိန်း ၅၀) အထိ သတ်မှတ်ထားသည်။
အမျိုးအစား (၂) Small (အသေးစား – လုပ်ငန်း) ဟူသည် ၀န်ထမ်း (၃၀/ ၅၀/ ၃၀၀ ဦးအထိ)၊ ရင်းနှီးမြုပ်နှံငွေ (သိန်း ၅၀ မှ သိန်း ၅၀၀ အထိ) သတ်မှတ်ထားပြီး (စက်ရုံ – အလုပ်ရုံ၊ လက်လီလက်ကား၊ ၀န်ဆောင်မှု လုပ်ငန်း) စသည့် လုပ်ငန်းအမျိုးအစားအလိုက် မတူညီစွာခွဲခြားသတ်မှတ်မှုရှိပါသည်။
အမျိုးအစား (၃) Medium (အလတ်စား – လုပ်ငန်း) ဟူသည် ၀န်ထမ်း (၃၁/ ၅၁/ ၃၀၁ မှ ၆၀/ ၁၀၀/ ၆၀၀ ဦးအထိ)၊ ရင်းနှီးမြုပ်နှံငွေ (သိန်း ၅၀၀ မှ သိန်း ၁၀၀၀ အထိ) သတ်မှတ်ထားပြီး (စက်ရုံ – အလုပ်ရုံ၊ လက်လီလက်ကား၊ ၀န်ဆောင်မှု လုပ်ငန်း) စသည်ဖြင့် လုပ်ငန်းအမျိုးအစားအလိုက် မတူညီစွာခွဲခြားသတ်မှတ်မှုရှိပါသည်။

နိုင်ငံတကာရဲ့  ပြည်တါင်အသားတင်ထုတ်လုပ်မူ (GDP)ကို မည်သို့တွက်ချက်နိုင်သနည်း?

နိုင်ငံတကာရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ကို တွက်တဲ့ ပုံသေနည်းကတော့ (GDP = C + I + G + (X-M)) ဖြစ်ပါတယ်။ C ဆိုတာက Private Consumption (ပုဂလိကရဲ့အသုံးပြုမှု %)၊ I ဆိုတာက Gross Fixed Investment (ပြည်တွင်းရင်းနှီးမြုပ်နှံမှု %)၊ G ဆိုတာက Government Consumption (အစိုးရ၏ အသုံးပြုမှု %)၊ (X-M) ဆိုတာကတော့ ကုန်သွယ်ရေးကို အဓိကကြည့်ပြီး (X ဆိုတဲ့ Export တင်ပို့ကုန်) ထဲမှ (M ဆိုတဲ့ Import တင်သွင်းကုန်) ကို (- နှတ်) ပြီး အားလုံးနဲ့ ပြန်ပေါင်းခြင်းဖြင့် နိုင်ငံတခုရဲ့ (GDP) တိုးတက်မှုကို တိုင်းတာပါတယ်။ အဓိက GDP တက်ဖို့ဆိုရင်တော့ Investment တွေတိုးတက်လာဖို့လိုပြီး၊ နိုင်ငံမှာရှိတဲ့ ပစ္စည်းတွေကို နိုင်ငံခြားသို့ Export တင်ပို့မှု (%) များလာမှသာ နိုင်ငံတခုရဲ့ GDP တိုးတက်မှုနဲ့ ပြည်တွင်းကြွယ်ဝချမ်းသာမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

အောင်မြင်တဲ့ လုပ်ငန်းတိုင်းမှာ အသုံးပြုတဲ့ SOP (Standard Operation Procedure) စနစ်ရဲ့ သဘောမှာ မိမိဖော်ဆောင်လိုတဲ့ ဈေးကွက်ကို တိကျသောလုပ်ငန်းရလဒ်များကို စီစဉ်ရေးဆွဲထားခြင်း၊ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုပုံစံများရှိခြင်း၊ လုပ်ငန်းလိုအပ်မှုအလိုက် ဖွဲ့စည်းပုံဖော်နိုင်ခြင်း၊ ခေတ်ပြိုင်အတွက် မဟာဗျူဟာချမှတ်ခြင်းနှင့် လုပ်ငန်းတိုးတက်မှုသို့ အာရုံစိုက်ပြီး ရေးဆွဲပုံဖော်ထားတဲ့ Guideline လုပ်ငန်းလမ်းညွှန်ချက်ပဲ ဖြစ်ပါတယ်။

Standard Operation Procedure (SOP) လုပ်ငန်းခွင် နည်းစနစ်တကျစီမံအုပ်ချုပ်မှုအပိုင်းမှာ…

- Vision & Mission (ရည်ရွယ်ချက်များ ရေးဆွဲသတ်မှတ်ခြင်း)

- Principle and Policy (အခြေခံမူဝါဒများ ရေးဆွဲချမှတ်ခြင်း)

- Department Activities (ဌာန၏ လုပ်ငန်းများ လမ်းညွှန်ရေးဆွဲခြင်း)

- HR Rule & Regulation (ရုံးတွင်း စည်းမျဉ်းစည်းကမ်များ ချမှတ်ခြင်း)

- Company Profile (ကုမ္ပဏီလုပ်ငန်းစဉ်များအား ဖော်ပြချက်ထားရှိခြင်း) စတဲ့ စနစ်များကို ရေးဆွဲသတ်မှတ်ပြီး လုပ်ငန်းကို စနစ်တကျစီမံအကောင်အထည်ဖော်ခြင်းပဲဖြစ်ပါတယ်။

Standard Operation Document (SOD) လုပ်ငန်းခွင် စာရွက်စာတမ်းဖြင့် စနစ်တကျစီမံအုပ်ချုပ်မှုအပိုင်းမှာ…

- HR Rules (၀န်ထမ်း၊ လုပ်ငန်းခွင်ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းများထားရှိခြင်း)

- Employment Contract (အလုပ်ခန့် စာချုပ်နှင့် ၀န်ထမ်းလမ်းညွှန်ချက်များရှိခြင်း)

- Staff JD Form (၀န်ထမ်းတာဝန်ဝတ္တရားသတ်မှတ်မှု ဖောင်ပုံစံများထားရှိခြင်း)

- KPI Appraisal Form (၀န်ထမ်းစွမ်းဆောင်ရည် သုံးသပ်မှုဖောင်ပုံစံများရှိခြင်း)  

- Report Form (လုပ်ငန်းအတွင်း အစီရင်ခံစာတင်ပြမှု ဖောင်ပုံစံများထားရှိခြင်း) စတဲ့ SOP နည်းစနစ်များနှင့်အတူ ဒွန်တွဲပြီးသုံးပြီး SOD စာရွက်စာတမ်း စနစ်များဖြင့် လုပ်ငန်းခွင်နည်းစနစ်ကျစေဖို့ စီမံအုပ်ချုပ်ခြင်းပဲဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းများ ပေါင်းစပ်မှုဆိုရာမှာ စီးပွားရေးလုပ်ငန်စဉ်ရဲ့ (ထုတ်လုပ်မှု)၊ (ကုန်သွယ်မှု)၊ (၀န်ဆောင်မှု) ဟုဆိုသော စီးပွားရေးလုပ်ငန်းများအကြားသဘောတူညီမှု (သို့) လုပ်ငန်းရှင်နှစ်ဦး ပူးပေါင်းဆောင်ရွက်မှုပင်ဖြစ်ပါသည်။ ယင်းသကဲ့သို့ လုပ်ငန်းပေါင်းစပ်မှုဖြင့် အရင်းအနှီးရရှိမှု၊ လုပ်ငန်းတန်ဖိုးတက်မှု၊ ထုတ်လုပ်မှုအရည်အသွေးမြင့်တက်မှု၊ နည်းပညာ အားသာမှုနှင့် ဆန်းသစ်တီထွင်မှုများဟာလည်း သိသိသာသာတိုးတက်ပြောင်းလဲလာနိုင်ပါတယ်။ လုပ်ငန်းပေါင်းစည်းခြင်းရဲ့ သဘောဟာ Win-win Development မဟာဗျူဟာဖြစ်ပါတယ်။ Synergy ဖြစ်အောင်လုပ်ခြင်းဖြစ်ပြီး (၁+၁=၃) ဖြစ်တဲ့ သဘောပါပဲ။ မြန်မာနိုင်ငံအတွက်တော့ SMEs လုပ်ငန်းတွေ (ထုတ်လုပ်သူများနဲ့ + ကုန်သွယ်သူနဲ့ပေါင်းခြင်း + ဈေးကွက်ဝန်ဆောင်မှုပေးတဲ့သူနဲ့ ထပ်ပေါင်းခြင်း) စတဲ့ Merger  လုပ်ငန်းများပေါင်းစည်းခြင်းဖြင့် ဈေးကွက်မှာ Synergy ပိုဖြစ်လာနိုင်တဲ့သဘောမျိုးပါ။

(၁) Horizontal Merger လို့ဆိုသော လုပ်ငန်းတူ ကုမ္ပဏီများ၊ လုပ်ငန်းများ ပေါင်းစည်းလုပ်ဆောင်ခြင်းမဟာဗျူဟာ။

(၂) Vertical Merger လို့ဆိုသော လုပ်ငန်းအချင်းချင်း ဆက်စပ်မှုရှိသော ကုမ္ပဏီများ၊ လုပ်ငန်းများ ပေါင်းစည်းခြင်း။

(၃) Congeries Merge လို့ဆိုသော လုပ်ငန်းစု တမျိုးတည်း (Industry) ရှိပြီး၊ ပစ္စည်းမတူသော (Product) လုပ်ငန်းများ ပေါင်းစည်းခြင်း။

(၄) Conglomerate Merger လို့ဆိုသော လုပ်ငန်းခြင်းလုံးဝမတူညီသော ကုမ္ပဏီများ၊ လုပ်ငန်းများ ပေါင်းစည်းခြင်း။

(၅) Market Extension Merger လို့ဆိုသော အမျိုးတူပစ္စည်းများကို မတူသောဈေးကွက်များတွင် ရောင်းချနေသော လုပ်ငန်း (၂-ခု) အကြာင်း ပေါင်းစည်းဆောင်ရွက်ခြင်း။

(၆) Product Extension Merger ဟုခေါ်သော ပစ္စည်းအမျိုးအစားခြင်း၊ ထုတ်လုပ်မှုခြင်းတူသော ကုမ္ပဏီ ၊ လုပ်ငန်းတူ (၂) ခု ပေါင်းစည်းဆောင်ရွက်ခြင်း။

Stock Exchange (စတော့ရှယ်ယာဈေးကွက်ဟူသည်) ငွေချေးစာချုပ်များ၊ ရှယ်ယာများကို ရောင်းဝယ်သောဈေးကွက်ဖြစ်ပြီး၊ ဈေးနှုန်းကို (၀ယ်လိုအား၊ ရောင်းလိုအား) ဖြင့် ထိန်းချုပ်ပါသည်။ ငွေဖြစ်လွယ်မှု၊ ဈေးကွက်မျှတမှု၊ ပွင့်လင်းမြင်သာမှုများဖြင့် ရင်းနှီးမြုပ်နှံသူများအတွက် ကာကွယ်မှုများကိုဖြစ်စေနိုင်ပြီး Capital Market ဈေးကွက်အရင်းအနှီး ဖော်ဆောင်ပေးတဲ့ စီးပွားရေးမဟာဗျူဟာဖြစ်ပါသည်။   

 

Stock Exchange နဲ့ ပတ်သက်လာရင် အခြေခံပါဝင်လည်ပတ်နေတဲ့ (၆-ချက်) ကို နားလည်ထားရမှာဖြစ်ပါတယ်။

(၁) Regulator (Stock ကို တရားဝင်ကြားခံထိန်းပေးမဲ့ အဖွဲ့အစည်းတွေ)

(၂) Legal Framework (လုပ်ထုံးလုပ်ငန်း ဥပဒေနဲ့ စည်းကမ်းတွေ)

(၃) Stock Exchange (စတော့ရှယ်ယာ ၀ယ်-ရောင်း ဈေးကွက်)

(၄) Listed Company (Stock Listed ဖြစ်ထားတဲ့ ကုမ္ပဏီတွေ)

(၅) Intermediaries (ကြားခံဆောင်ရွက်ပေးမဲ့ ပွဲစားတွေ)

(၆) Investors (Stock ကို ရင်းနှီးမြုပ်နှံကြသူတွေ) စတဲ့ (အချက် - ၆ ခု) ဟာ Stock Exchange ရဲ့ အဓိက ပင်မကြောရိုးပဲဖြစ်ပါတယ်။

Stock Exchange အရောင်းအ၀ယ်ဆိုရာမှာ အတိုချုပ်ပြောရရင် (၂-မျိုး) ပဲရှိပါတယ်။ တခုက Trading ပုံစံနဲ့ အချိန်တိုအတွင်းမှာ (Shot-term ၀ယ်-ရောင်း) လုပ်တာမျိုးနဲ့၊ နောက်တမျိုးက Investment ပုံစံနဲ့ ရေရှည်အတွက် (Long-term ၀ယ်-ရောင်း) လုပ်တဲ့ ပုံစံဖြစ်ပါတယ်။  

စွန့်ဦးတီထွင်မှုလုပ်တာခြင်းတူကြပေမဲ့ Network အဆက်အသွယ်အားသာတဲ့သူက အရှေ့ကိုပိုရောက်မှာပဲဖြစ်ပါတယ်။ မိမိလုပ်ငန်းနဲ့ဆိုင်တဲ့ Individual – Social – Organizational စတဲ့ အဆက်အသွယ် (၃-မျိုး) လိုအပ်ပါတယ်။ Individual အပိုင်းမှာဆိုရင် မိမိရဲ့ စွန့်ဦးတီထွင်မှုကိုအားပေးတဲ့ Friends (မိတ်ဆွေသူငယ်ချင်း)၊ Family (မိသားစုအဆက်အသွယ်) တွေကို ဆက်သွယ်မှုရှိဖို့လိုပါမယ်။ Social အပိုင်းမှာတော့ မိမိလုပ်ငန်းစတင်တဲ့အခါမှာ Collaborators (ပံ့ပိုးကူညီပေးနိုင်တဲ့သူ)၊ Partner (၀ါသနာတူလုပ်ဖော်ကိုင်ဖက်) တွေကို ဆက်သွယ်ချိတ်ဆက်မှုရှိဖို့လိုပါမယ်။ Organizational အပိုင်းမှာတော့ မိမိလုပ်ငန်းနဲ့ ဆက်လျှက်နေကြတဲ့ Suppliers (မိမိလုပ်ငန်းကို အထောက်အပံ့ပေးနိုင်သူ)၊ Joint-Venture (ကိုယ်နဲ့တွဲပြီး လုပ်ငန်းဖက်စပ် လုပ်နိုင်သူ) စတဲ့ အဆက်အသွယ်ကောင်းတွေရှိဖို့လိုမှာဖြစ်ပါတယ်။

 

ရာစုတွေ ပြောင်းလဲလာသည်နှင့်အမျှ ဈေးကွက်ဖော်ဆောင်ရတဲ့ စနစ်တွေဟာလည်း ပြောင်းလဲလာခဲ့ပါပြီ၊ ယနေ့မျက်မှောက်ခေတ်ရဲ့ E-commerce ဆိုတဲ့ အွန်လိုင်းစီးပွားရေးမဟာဗျူဟာာမှာတော့ B2B ဆိုတဲ့ (Business to Business - စီးပွားရေးလုပ်ငန်း မှ စီးပွားရေးရှင်များသို့) နောက်တခုကတော့ B2C ဆိုတဲ့ (Business to Consumer - စီးပွားရေးလုပ်ငန်း မှ စားသုံးသူသို့) စတဲ့ ပုံစံတွေနဲ့ ထိရောက်မြန်ဆန်တဲ့ ဈေးကွက်ကိုဖော်ဆောင်ကြပါတယ်။ ထုတ်လုပ်သူ - ကိုယ်စားလှယ် - လက်လီ/ လက်ကား - စားသုံးသူ ဆိုတဲ့ ဈေးကွက်ကွင်းဆက်မှာ B2B ပုံစံနဲ့ ထုတ်လုပ်သူမှ ဈေးကွက်ကြီးမားတဲ့ ကိုယ်စားလှယ် သို့ တဆင့်ပုံစံနဲ့ ဈေးကွက်အချင်းချင်း ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်ခြင်းပါပဲ။

Supply Chain ကွင်းဆက်ထဲမှာ ပါဝင်နေသူများသို့ အမြန်ဆုံးရောက်ရှိစေရန်အတွက် ကြားခံ Online ကို အသုံးပြုပြီး စီးပွားရေးပုံစံဖော်ဆောင်ခြင်းဖြစ်ပါတယ်။ ယခုခေတ်မှာ ခေတ်စားလာတဲ့ (Facebook, Website, Email, TV Channel, Media, DVD, Application) စတဲ့ ဖန်တီးမှုတွေနဲ့အတူ စီးပွားရေး + နည်းပညာပေါင်းစပ်ပြီး ဈေးကွက်ချိတ်ဆက်ခြင်းပဲဖြစ်ပါတယ်။ အွန်လိုင်းစီးပွားရေးမဟာဗျူဟာသည် အချိန်တိုထိရောက်မှု၊ သတင်းမြန်ဆန်မှု၊ ကုန်ကျစရိတ်သက်သာမှု၊ သတင်းတိကျနိုင်မှု၊ လုပ်ငန်းခွင်အကျိုးရှိစေမှုနှင့် ဈေးကွက်ချဲ့ထွင်မှုကို မြန်ဆန်ဖော်ဆောင်နိုင်စွမ်းရှိပါတယ်။ သာမန်အားဖြင့် မိမိလုပ်ငန်းဆီသို့ရောက်လာသူတွေကိုသာ သိစေခြင်းမဟုတ်ပဲ အွန်လိုင်းမှတဆင့် လက်လှမ်းမှီသမျှသော လူမှုပတ်ဝန်းကျင်သို့ အလွယ်တကူရောက်စေနိုင်ခြင်းကြောင့် အချိန်တိုတိုအကျိုးရှိတဲ့ ဈေးကွက်မဟာဗျူဟာလို့ဆိုနိုင်ပြီး IT Revolution အရ နောင်နှစ် (၃၀) အထိ အခွင့်အရေးများစွာကို ဖန်တီးပုံဖော်နိုင်မှာဖြစ်ပါတယ်။

Business Analysis (စီးပွားရေး ဆန်စစ်သုံးသပ်ခြင်း) သဘောမှာ အခြေခံအချက်တွေကတော့ (PESTEL) ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုရဲ့ စီးပွားရေးတစ်ခုဆိုတာ ယခုအချက်တွေနဲ့ ဖွဲ့စည်းလည်ပတ်နေခြင်းဖြစ်လို့ P – Political (ယခုနှင့် အနာဂတ်ရဲ့ နိုင်ငံရေးအလားအလာ)၊ E – Economical (အနာဂတ် စီးပွားရေး အခြေအနေ)၊ S – Social (လက်ရှိ လူမှုရေးရာနှင့် တိုးတက်လာမှု)၊ T – Technological (အလားအလာရှိတဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာရေးရာ)၊ E – Environmental (လက်ရှိပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်ရေးရာ၊ မြို့ပြအနေအထားများ)၊ L – Legal (လက်ရှိပြဌါန်းထားတဲ့ ဥပဒေရေးရာ) စတဲ့ အခြေခံအချက်တွေကိုတော့ မျက်ခြေမပျက် ကြည့်နေသင့်ပါတယ်။ ဒီအချက်တွေရဲ့ အားသာချက်-အားနည်းချက် နဲ့ အပြောင်းအလဲတွေဟာ SMEs လုပ်ငန်းတွေနဲ့ စီးပွားရေးအနေအထားတွေကို ထပ်တိုးချဲ့မှု၊ စောင့်ကြည့်မှု၊ လျော့ချမှု စတဲ့ အလိုက်သင့်ပြောင်းလဲရပ်တည်မှုတွေကိုတော့ ဆန်းစစ်လုပ်ဆောင်နိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။

ကမ္ဘာတွင် နာမည်ကြီးသော စီးပွားရေးစနစ်များထဲမှ စနစ် (၃-မျိုး) အဓိကကျင့်သုံးကြတာတွေ့ရပါတယ်။

  1. Capitalism (ဈေးကွက်အရင်းအနှီးဝါဒ)
  2. Socialism (ဈေးကွက်ဆိုရှယ်လစ်ဝါဒ)
  3. Communism (ဈေးကွက်ကွန်မြူနစ်ဝါဒ)

Capitalism (ဈေးကွက်အရင်းအနှီးဝါဒ)

ဈေးကွက်အရင်းအနှီးဝါဒသည် လွတ်လပ်သောဈေးကွက်ကို ဖန်တီးပေးပြီး၊ စီးပွားရေးလည်ပတ်မှု အကျိုးအမြတ်များ၏ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချခြင်း အများစုသော အစိတ်အပိုင်းများကို ပုဂ္ဂလိကလုပ်ငန်းများက ပိုမိုပိုင်ဆိုင်ကြပါတယ်။

 

Socialism (ဆိုရှယ်လစ် စီးပွားရေးဝါဒ)

နိုင်ငံစီးပွားရေး အများစုကို အစိုးရက အဓိကပိုင်ဆိုင်ပြီး ပြည်သူလူထု သို့ ပြန်လည်အကျိုးအမြတ်မျှဝေပေးသော ဈေးကွက်ပုံစံဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းစုများအား မြင့်မားသော အကောက်ခွန်စနစ် များထားရှိပြီး နိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဝန်ဆောင်ပေးမှု လုပ်ငန်းများတွင် ပြန်လည်အသုံးချတာတွေ့ရပါတယ်။

 

Communism (ကွန်မြူနစ် စီးပွားရေးဝါဒ)

အစိုးရမှ စီးပွားရေးလုပ်ငန်း အများစုကို ပိုင်ဆိုင်ထားပြီး ပြည်သူလူထုမှ လွတ်လပ်စွာရွေးချယ်ခွင့်ကို အကန့်အသတ်ဖြင့်ထားရှိသည့် စနစ်ဖြစ်ပါတယ်။  (Demand & Supply) ၀ယ်လိုအားနှင့် ရောင်းလိုအားပေါ် အခြေမခံထားပဲ ကုန်စည်များ၏ ဈေးနှုန်းသတ်မှတ်ချက်များအား အစိုးရမှသတ်မှတ်ထားပြီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုများကို အကန့်အသတ်ထားရှိသည့် စီးပွာေးရးစနစ်ဖြစ်ပါတယ်။ 

တချို့သောနိုင်ငံများသည် Capitalism (ဈေးကွက်အရင်းအနှီးဝါဒ)၊ Socialism (ဈေးကွက်ဆိုရှယ်လစ်ဝါဒ)၊ Communism (ဈေးကွက်ကွန်မြူနစ်ဝါဒ) စနစ် (၃-မျိုး) ကို ပေါင်းစပ်ပြီး Mixed Economic (စီးပွာရေးစနစ်ရောနှောမှုပုံစံ) ဖြင့် နိုင်ငံ၏ စီးပွားရေးကို ဘက်စုံမှဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေးစီမံခန့်ခွဲလျှက်ရှိပါတယ်။

Business Analysis (စီးပွားရေး ဆန်စစ်သုံးသပ်ခြင်း) သဘောမှာ အခြေခံအချက်တွေကတော့ (PESTEL) ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုရဲ့ စီးပွားရေးတစ်ခုဆိုတာ ယခုအချက်တွေနဲ့ ဖွဲ့စည်းလည်ပတ်နေခြင်းဖြစ်လို့ P – Political (ယခုနှင့် အနာဂတ်ရဲ့ နိုင်ငံရေးအလားအလာ)၊ E – Economical (အနာဂတ် စီးပွားရေး အခြေအနေ)၊ S – Social (လက်ရှိ လူမှုရေးရာနှင့် တိုးတက်လာမှု)၊ T – Technological (အလားအလာရှိတဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာရေးရာ)၊ E – Environmental (လက်ရှိပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်ရေးရာ၊ မြို့ပြအနေအထားများ)၊ L – Legal (လက်ရှိပြဌါန်းထားတဲ့ ဥပဒေရေးရာ) စတဲ့ အခြေခံအချက်တွေကိုတော့ မျက်ခြေမပျက် ကြည့်နေသင့်ပါတယ်။ ဒီအချက်တွေရဲ့ အားသာချက်-အားနည်းချက် နဲ့ အပြောင်းအလဲတွေဟာ SMEs လုပ်ငန်းတွေနဲ့ စီးပွားရေးအနေအထားတွေကို ထပ်တိုးချဲ့မှု၊ စောင့်ကြည့်မှု၊ လျော့ချမှု စတဲ့ အလိုက်သင့်ပြောင်းလဲရပ်တည်မှုတွေကိုတော့ ဆန်းစစ်လုပ်ဆောင်နိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ 

 

မြန်မာ့စီးပွားရေးလုပ်ငန်းစုများအတွင်း CSR လူမှုတာဝန်ကျေပွန်သည့် ကုမ္ပဏီများအတွက် မိမိလုပ်ငန်း Logo များနှင့် ပူးတွဲလျှက် ကမ္ဘာ့ကုလသမဂ္ဂ၏ UN Global Compact အဖွဲ့ဝင်အသိအမှတ်ပြု UNGC တံဆိပ်များကို ပူးတွဲဖော်ပြထားပြီး ထိုလုပ်ငန်းစုတို့သည် (လူမှုစီးပွားရေး တာဝန်ကျေပွန်ပြီး) ဖောက်သည်များ၏ ယုံကြည်ခိုင်မာမှုကို ရယူနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆရာကြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက် ဦးဆောင်မှုဖြင့် UNGC အဖွဲ့ဝင်လုပ်ငန်းများ ပေါ်ပေါက်လာစေရေးအတွက် CSR (လူမှု့စီးပွားရေးတာဝန်ယူမှု) လုပ်ငန်းများ တိုးတက်လာနိုင်ရန် အားပေးဆောင်ရွက်လျှက်ရှိပါတယ်။

CSR လူမှုအကျိုးပြု ဆောင်ရွက်ချက်များနှင့်အတူ မိမိလုပ်ငန်းသည် (၁ - လူ့အခွင့်အရေး ချိုးဖောက်မှုမရှိခြင်း)၊ (၂ - ၀န်ထမ်းများနစ်နာစေမှုမရှိခြင်း)၊ (၃ - ပတ်ဝန်းကျင်သို့ ထိန်းသိမ်းခြင်း)၊ (၄ - အဂတိလိုက်စားမှုမရှိခြင်း) စတဲ့  ရေတိုစီးပွားရေး ဖော်ဆောင်အောင်မြင်ခြင်းထက်၊ ရေရှည်ခံစီးပွားရေးအောင်မြင်မှုသို့ အစဉ်မပျက်ဖော်ဆောင်ပေးမှုရှိပြီး ဂုဏ်သိက္ခာရှိသော စီးပွားရေးလုပ်ငန်းစုများအဖြစ် မြန်မာ့စီးပွားရေး၊ အာစီယံစီးပွားရေး၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှု လုပ်ငန်းများတွင် ရင်ဘောင်တန်းပါဝင်နိုင်ဖို့ UNGC ခွင့်ပြုထားသည့် လုပ်ငန်းစဉ်များအညီ UN Global Compact အဖွဲ့ဝင်အသိအမှတ်ပြု ဆောင်ရွက်နိုင်ပြီး စီးပွားရေးတာဝန်ကျေပွန်မှုသော စီးပွားရေးလုပ်ငန်းများသို့ ရေရှည်ဂုဏ်သိက္ခာရှိစွာ ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

ကမ္ဘာကျော်သန်းကြွယ်သူဌေးတွေကဆိုဖူးပါတယ် ခေတ်ပြိုင်စီးပွားရေးမှာ ဦးစားပေးရမှာက ပထမဆုံး မိမိရဲ့ Customer ဖောက်သည်ပါ၊ ဒုတိတယကတော့ မိမိရဲ့ Staff ၀န်ထမ်းပါပဲ၊ တတိယကတော့ မိမိရဲ့ Shareholder အကူအညီပေးတဲ့ အစုရှယ်ယာရှင်တွေပဲဖြစ်ပါတယ်။ ခေတ်ပြိုင်ဆိုတာကြောက်စရာတော့မဟုတ်ပါဘူး လုပ်ငန်းကို ပိုမိုတိုးတက်စေဖို့၊ ပိုမိုဆန်းစစ်စေဖို့၊ အင်အားတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ခေတ်ပြိုင်ဖြစ်လာရင် အဓိကအာရုံစိုက်ရမှာက မိမိရဲ့ Competitor ပြိုင်ဘက်၊ မိမိရဲ့ Customer ပဲဖြစ်ပါတယ်။ ခေတ်ပြိုင်စီးပွားရေးဖြစ်လာတာနဲ့ Customer ဆိုတာ (Value - တန်ဖိုးတရားပိုပေးနိုင်တဲ့) ဘက်ကို ယိုင်လဲမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိလုပ်ငန်းရဲ့ ထုတ်ကုန်၊ လုပ်ငန်းရဲ့တန်ဖိုးကို တက်အောင်ဖန်တီးပြီး ဖောက်သည်တွေရဲ့ လိုချင်မှုနဲ့ စိတ်ကျေနပ်မှုကိုသာ ဦးစားပေးဆောင်ရွက် နိုင်ရင်တော့ ဈေးကွက်ကို ရေရှည်ဖန်တီးနိုင်မှာဖြစ်ပါတယ်။

FDI နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုဆိုတာကတော့ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းတွကို ပေါင်းစုပေးခြင်းဖြစ်တဲ့ စီးပွားရေးမဟာဗျူဟာတစ်ခုပဲဖြစ်ပါတယ်။ FDI ကြောင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ လာရောက်ပြီးတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုအပြင်၊ ရေရှည်ခံသော စီးပွားရေးဆက်သွယ်မှုပုံစံများ ဖြစ်ထွန်းလာနိုင်ပါတယ်။ နိုင်ငံတခုနှင့်တခုအကြား အသိပညာ၊ အတက်ပညာများကို မျှဝေဖလှယ်ပြီး ပိုမိုတိုးတက်အောင် ခိုင်မာတည်ဆောက်ခြင်းလည်းဖြစ်ပါတယ်။ ထို့အပြင်မှာ အိမ်ရှင်နိုင်ငံများရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ထိုနိုင်ငံအတွင်း ထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်သို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနိုင်အောင် ဖန်တီးနိုင်စွမ်းရှိပြီး တိုးတက်ပြီးသောနိုင်ငံများတွင် အသုံးပြုခဲ့ကြတဲ့ စီးပွားရေးမဟာဗျူဟာပင်ဖြစ်ပါတယ်။

 

FDI နဲ့ ပတ်သက်ပြီး သုံးသပ်ရင် မြန်မာနိုင်ငံကို ၀င်လာမဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေအနေနဲ့ အခြေခံအားဖြင့် အချက် ၅ ချက်ကိုကြည့်ပါတယ်။ ၁-အချက်က ကျွန်တော်တို့ နိုင်ငံရေးတည်ငြိမ်မှု ဘယ်လောက်ရှိလည်းဆိုတာကြည့်မယ်။ ၂-အချက်က မြန်မာနိုင်ငံရဲ့စီးပွားရေးအလားအလာ ဘယ်လောက်ကောင်းလဲဆိုတာကြည့်မယ်။ ၃-အချက်က ကျွန်တော်တို့နိုင်ငံမှာချမှတ်ထားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အလုပ်သမားနဲ့ပတ်သက်တဲ့ အချက်တွေကိုကြည့်မယ်။ ၄-အချက်က FDI အတွက် ဈေးကွက်နေရာအားသာချက်ကို ကြည့်ပြီး၊ ဇုံကျတဲ့ နေရာတွေ၊ မြို့တွေမှာ ရင်းနှီးမြုပ်နှံ့မှာဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ Infrastructure လမ်း၊ မြေ၊ လျှပ်စစ်၊ အဆောက်အဦး စတဲ့ ရရှိနိုင်မှုအပိုင်း တွေကို အဓိကထားပြီး ကြည့်မှာဖြစ်ပါတယ်။ FDI အတွက် ဒီအချက် (၅-ချက်) အဓိကဖြစ်ပါတယ်။   

အဓိက FDI ၀င်ရောက်လာတဲ့လမ်းကြောင်းမှာ မြန်မာနိုင်ငံရဲ့ MIC, DICA, SEZ Committee, Related Ministry and Association တွေဟာ အဓိကအဆုံးအဖြတ်ပေးမဲ့ အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ နိုင်ငံတခုရဲ့ စီးပွားရေးမဟာဗျူဟာ ဖော်ဆောင်မှုနှင့်အတူ Focal Organization တွေ၏ ညှိနှိုင်းဆွေးနွေးနှင့် ပေါင်းစပ်ဖော်ဆောင်မှုဟာ FDI ၀င်ရောက်မှုကို ဖန်တီးပေးနိုင်စေဖို့ သုံးသပ်နိုင်မှာဖြစ်ပါတယ်။

(၁) P – Political နိုင်ငံရေးအခြေအနေ ဆန်းစစ်ခြင်း။ (Politic Economic ဆိုတဲ့ နိုင်ငံရေးဟာ စီးပွားရေးနဲ့ ဒွန်တွဲနေပါတယ်၊ နိုင်ငံရေးရဲ့ အပြောင်းအလဲအပေါ်မူတည်ပြီး၊ စီးပွားရေးဟာ သေချာပေါက်ပြောင်းလဲလာမှာပါ)။ ပြည်တွင်းစီးပွားရေးတိုးတက်မှု၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေဝင်လာဖို့နဲ့ ငြိမ်းချမ်းစွာနဲ့ စီးပွားရေး တိုးတက်မှုကို ပုံသွင်းဖော်ဆောင်နိုင်ဖို့ဆိုရာမှာ နိုင်ငံရေးရဲ့ မူဝါဒတွေ၊ ပံ့ပိုးမှုတွေ၊ မဟာဗျူဟာတွေလိုအပ်မှာဖြစ်ပါတယ်။

(၂) E – Economical စီးပွားရေးအခြေအနေ ဆန်းစစ်ခြင်း။ (Economic make country wealthy ဆိုတဲ့ စစ်မှန်တဲ့ စီးပွားရေးစနစ်ဖော်ဆောင်လာမယ် ဆိုရင် နိုင်ငံရဲ့စီးပွားရေးတိုးတက်လာနိုင်ပါတယ်၊ စီးပွားရေးစနစ် ပြောင်းလဲဖို့တော့လိုပါတယ်၊ ယခင်က ဆိုရှယ်လစ် စီးပွားရေးစနစ်ကနေပြီး တံခါးဖွင့်စီးပွားရေးကို အားပေးတဲ့ ဈေးကွက်အရင်းအနှီးဝါဒဆိုတဲ့ Capitalism စနစ်မျိုးတွေဖြစ်လာပြီး Private ရဲ့လုပ်ပိုင်ခွင့်တွေ၊ ပြည်သူရဲ့ လွတ်လပ်တဲ့ စီးပွားရေးဖော်ဆောင်မှုတွေ ဖန်တီးပေးလာနိုင်ရင်တော့ တိုးတက်လာနိုင်မှာပဲဖြစ်ပါတယ်။

(၃) Social လူမှုဝန်းကျင်အခြေအနေ ဆန်းစစ်ခြင်း။ (အသိပညာ-အတက်ပညာ ဦးဆောင်ပြီး၊ နိုင်ငံတကာကို ဖိတ်ခေါ်နိုင်တဲ့ ပြည်ပ ဈေးကွက်ချိတ်ဆက်မှုနှင့် ပြည်ပအရင်းအနှီးရှာဖွေမှုတွေ၊ စီးပွားရေးအမြင်ကျယ်မှုနဲ့ တစ်ဦးချင်းရဲ့ ၀င်ငွေရှာဖွေမှု တိုးတက်လာခြင်းနှင့်အတူ ပြည်သူတွေရဲ့ မိရိုးဖလာစီးပွားရေးပုံစံကနေ ဆန်းသစ်တဲ့ စီးပွားရေးပုံစံတွေကို ဖန်တီးလာခြင်းဟာလည်း စီးပွားရေးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။

(၄) Technology နည်းပညာတိုးတက်မှုအခြေအနေ ဆန်းစစ်ခြင်း။ (တိုးတက်ခဲ့တဲ့ နိုင်ငံတွေကို ကြည့်ရင် နည်းပညာအားသာချက်ကြောင့်ဖြစ်ပါတယ်။  လက်ရှိမှာ မိုဘိုင်းဖုန်းတွေကို တနိုင်ငံလုံးအဆင့်ဖြန့်ဝေပေးနိုင်တဲ့ အနေအထားမှာ သတင်းအချက်အလက်နဲ့ ဈေးကွက်အချိတ်အဆက်တွေဟာ ပိုမိုတွင်ကျယ်လာနိုင်သလိုပဲ၊ တခြားသော E-Commerce စနစ်တွေ၊ R&D စနစ်တွေ၊ စက်မှုလက်မှုလုပ်ငန်းတွေရဲ့ Technology တွေကို ပံ့ပိုးကူညီပေးနိုင်တဲ့ အခြေအနေဖြစ်လာရင် စီးပွားရေးတိုးတက်မှုဟာ ယခုထက်ပိုမိုမြန်ဆန်လာနိုင်ပါတယ်။

နိုင်ငံတခု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုရာမှာ PEST ရဲ့ စီမံခန့်ခွဲမှုပုံစံဟာ အဓိကပါဝင်နေခြင်းဖြစ်တယ်လို့ အားလုံးသုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တိုးတက်တဲ့ စီးပွားရေးပုံစံဖော်ဆောင်နိုင်ဖို့ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာရေး စတဲ့ လုပ်ငန်းစဉ် (၄-မျိုး) လုံးကို ပြုပြင်ပြောင်းလဲပြီး တိုးတက်မှုများစွာကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

AEC အာစီယံစီးပွားရေးအသိုက်အ၀န်းက (၂၀၁၆ ကနေပြီး - ၂၀၂၅ အထိ) အာစီယံနိုင်ငံများ ပေါင်းစည်းပြီး ဈေးကွက်အခွင့်အလမ်းများ ပိုမိုရရှိစေဖို့ ဖော်ဆောင်လိုက်တဲ့ မဟာဗျူဟာဖြစ်ပါတယ်။ AEC အာစီယံဈေးကွက်စီးပွားရေးရဲ့ အဓိကမျှော်မှန်းချက်ကတော့ အာစီယံနိုင်ငံများ စုပေါင်းပြီး Single Window Mart ပုံစံဖြင့် ဈေးကွက်တပုံစံတည်း One Vision – One Community ပုံစံဖော်ဆောင်ဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ AEC ရဲ့ အဓိက လုပ်ငန်းစဉ်တွေကတော့

(၁) Market & Production (Free Flows) ဈေးကွက်-ထုတ်ကုန် လွတ်လပ်စွာစီးဆင်းမှု၊

(၂) Competitive Economic Region (ဒေသတွင်း ဈေးကွက်ပြိုင်ဆိုင်တိုးတက်လာမှု)၊

(၃) SMEs Economic Development (SMEs လုပ်ငန်းများ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှု)၊

(၄) Integration into Global Economy (ကမ္ဘာ့ဈေးကွက်သို့ စုစည်းချိတ်ဆက်ပေးနိုင်မှု) ဆိုတဲ့

အာစီယံစီးပွားရေး Pillars (၄-ချက်) ကို အဓိကထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

AEC ၀င်လာတဲ့အခါမှာ Corporation ပုံစံနဲ့ ဈေးကွက်ကိုပေါင်းစပ်ဖော်ဆောင်နိုင်သလို၊ Competition ပုံစံနဲ့ ဈေးကွက်ကိုယှဉ်ပြိုင်မှုဆိုတာဖြစ်လာနိုင်တယ်။ ဈေးကွက်ခံစစ်ပုံစံနဲ့ AEC ကို Local Market အတွင်း ယှဉ်ပြိုင်မလား၊ ဈေးကွက်တိုက်စစ်ပုံစံနဲ့ AEC ကို International Market သို့ ၀င်မလားဆိုတဲ့ ပြင်ဆင်သုံးသပ်မှုတွေနဲ့ အလိုက်သင့်ပြောင်းလဲရပ်တည်မှုတွေဟာ လိုအပ်လာနိုင်ပါတယ်။

 

အသေးစိတ်ကို ၀ဘ်ဆိုဒ်၏ AEC အာစီယံစီးပွားရေးအကြောင်း ဆောင်းပါးတွင် လေ့လာဖတ်ရှုနိုင်ပါတယ်။

စီးပွားရေးလုပ်တဲ့အခါမှာ ဦးစွာလုပ်ဆောင်ဖို့လိုတာကတော့ (Step – 1) Test & Survey (ကွင်းဆင်းလေ့လာမှု – စမ်းသပ်ဆောင်ရွက်မှုအဆင့်) ပါ။ (%) အနည်းကို လုပ်ငန်းမှာရင်းနှီးမြုပ်နှံပြီး စတင်လုပ်ကိုင်သင့်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းအောင်မြင်ဖို့ အခွင့်အရေးမရှိသေးရင်လည်း ရှုံးဆုံးမှုပမာဏဟာနည်းပါလိမ့်မယ်။ အဆင့် (၁) မှာ အဓိကကြည့်ရမှာက Want & Need (စီးပွားရေးရဲ့ လိုချင်မှုနဲ့ လိုအပ်မှု % ရှိရဲ့လား) Demand & Supply (မိမိရဲ့ ဖြည့်ဆည်းပေးမှုအတွက် ၀ယ်လိုအား % ရှိရဲ့လား) Risk & Return (အန္တရာယ်စွန့်စားမှုနဲ့ မိမိပြန်ရနိုင်ချေ % တွေရှိရဲ့လား) ဆိုတာတွေကို တွက်နိုင်ရပါတယ်။ ဒီအချက်တွေကို လေ့လာဆန်းစစ်ပြီး လုပ်ငန်းအောင်မြင်မှုအတွက် (%) များရင်တော့ (Step – 2) Invest & Operation (ရင်းနှီးမြုပ်နှံမှု အကောင်အထည်ဖော်မှု) အဆင့်ကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းစတင်ချိန်မှာလည်း Minimum Value Product (MVP) ဖြစ်တဲ့ မိမိလုပ်ငန်းရဲ့ Core Feature တွေကို Focus ထားလုပ်ဆောင်ပြီးတော့မှ အဆင့်ဆင့် လုပ်ငန်းလည်ပတ်သွားနိုင်ဖို့ အရေးကြီးပါတယ်။

 

(1) Executive Summary မှာတော့ လုပ်ငန်းရဲ့ Vision & Mission ရည်ရွယ်ချက်၊ Service Scope စီးပွားရေးဝန်ဆောင်မှုတွေ၊ Business Plan မှာ ပါဝင်တဲ့ အချက်တွေကို နိဂုံးချုပ်ပြီး ရေးသားဖောပြပေးဖို့လိုအပ်ပါတယ်။

(2) Company Product & Service အပိုင်းမှာတော့ လက်ရှိလုပ်ငန်းတွေ၊ ၀န်ဆောင်မှုပေးနေတဲ့အပိုင်းတွေ၊ မိမိရဲ့ Supplier တွေ ပါဝင်သင့်ပြီး ထပ်မံတိုးချဲ့လိုတဲ့ အပိုင်းကို ဖော်ပြနိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။

(3) Marketing Strategy အပိုင်းမှာ Target ဦးတည်ဈေးကွက်၊ Trends အလားအလာ၊ Sale Techniques အရောင်းမဟာဗျူဟာ၊ Competitive ခေတ်ပြိုင်ကို သုံးသပ်ပြီး ဈေးကွက်မဟာဗျူဟာများကို တင်ပြပေးရမှာဖြစ်ပါတယ်။

(4) Financial Statement ငွေကြေးအပိုင်းမှာတော့ Cash Flow ငွေကြေးလည်ပတ်မှုတွေ၊ Balance Sheet ငွေကြေးရှင်းတမ်းတွေ၊ စရိတ်တွေကို စာရင်းဇယားနဲ့ အသေးစိတ်တင်ပြရမှာဖြစ်ပါတယ်။

(5) Loan or Investment Proposal ကတော့ အရေးကြီးတဲ့ အပိုင်းဖြစ်ပြီး Purpose ချေးငွေ၊ ရင်းနှီးမြုပ်နှံမှု ရည်ရွယ်ချက်၊ Payment Schedule ချေးငွေ၊ ရင်းနှီးမြုပ်နှံမှု ပြန်လည်ပေးဆပ်မည့်ပုံစံတွေ၊ ရေးဆွဲတင်ပြရမှာဖြစ်ပါတယ်။

(6) Profitability Projections မှာတော့ ဖြစ်နိုင်ရင် (၃-နှစ်စာ) အတွက် Cost အသုံးစရိတ်၊ Interest အတိုးနှုန်း၊ Utilities အသုံးအဆောင်ပစ္စည်းတွေ၊ Net Profit အမြတ်ငွေ စတဲ့ စာရင်းဇယားကို အသေးစိတ်ရေးဆွဲဖော်ပြရမှာဖြစ်ပါတယ်။

အသေးစိတ်ကို ၀ဘ်ဆိုဒ်ရဲ့ Business Plan Loan ဘဏ်ချေးငွေယူရန် မှာ လေ့လာနိုင်မှာဖြစ်ပါတယ်။    

မြန်မာနိုင်ငံ၏ စီးပွားရေးတွင် (၉၇ %) ခန့် သည် SMEs လုပ်ငန်းများဖြစ်ပြီး အကြီးစား SME (721) ခန့် နှင့် အသေးစား/အလတ်စား SME လုပ်ငန်းပေါင်း (126137) ခန့်ရှိသည်ဟု စီးပွားရေးစစ်တမ်းများအရ သိရှိရပါသည်။ ထို့ကြောင့် နိုင်ငံစီးပွားရေး၏ (၉၇%) ရှိသည့် (ထုတ်လုပ်မှု၊ ၀န်ဆောင်မှု၊ ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး) စတဲ့ SMEs စီးပွားရေးလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်လာစေရန် ပံ့ပိုးကူညီပေးမှုအတူ Private Market Orientation အသွင် ပုဂလိက၏ စီးပွားရေးလုပ်ပိုင်ခွင့်သို့ ဖော်ဆောင်နိုင်သော ဆောင်ရွက်ချက်များဖြင့် နိုင်ငံ၏ GDP ထုတ်လုပ်နိုင်စွမ်း ပိုမိုတိုးတက်လာနိုင်ပြီး (လူမှုရေး၊ စီးပွားရေး၊ နည်းပညာ) ဘက်စုံဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။ 

 

နိုင်ငံတကာရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ကို တွက်တဲ့ ပုံသေနည်းကတော့ (GDP = C + I + G + (X-M)) ဖြစ်ပါတယ်။ C ဆိုတာက Private Consumption (ပုဂလိကရဲ့အသုံးပြုမှု %)၊ I ဆိုတာက Gross Fixed Investment (ပြည်တွင်းရင်းနှီးမြုပ်နှံမှု %)၊ G ဆိုတာက Government Consumption (အစိုးရ၏ အသုံးပြုမှု %)၊ (X-M) ဆိုတာကတော့ ကုန်သွယ်ရေးကို အဓိကကြည့်ပြီး (X ဆိုတဲ့ Export တင်ပို့ကုန်) ထဲမှ (M ဆိုတဲ့ Import တင်သွင်းကုန်) ကို (- နှတ်) ပြီး အားလုံးနဲ့ ပြန်ပေါင်းခြင်းဖြင့် နိုင်ငံတခုရဲ့ (GDP) တိုးတက်မှုကို တိုင်းတာပါတယ်။ အဓိက GDP တက်ဖို့ဆိုရင်တော့ Investment တွေတိုးတက်လာဖို့လိုပြီး၊ နိုင်ငံမှာရှိတဲ့ ပစ္စည်းတွေကို နိုင်ငံခြားသို့ Export တင်ပို့မှု (%) များလာမှသာ နိုင်ငံတခုရဲ့ GDP တိုးတက်မှုနဲ့ ပြည်တွင်းကြွယ်ဝချမ်းသာမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

လုပ်ငန်းပူးပေါင်းခြင်း သဘောသည် Synergy ဖြစ်အောင်လုပ်ခြင်း (၁+၁=၃) ဖြစ်တဲ့ သဘောပါပဲ။ မြန်မာနိုင်ငံအတွက်တော့ SMEs လုပ်ငန်းတွေ (ထုတ်လုပ်သူနဲ့ + ကုန်သွယ်သူနဲ့ပေါင်း + ဈေးကွက်ဝန်ဆောင်မှုပေးတဲ့သူနဲ့ ထပ်ပေါင်း) ထိုနည်းဖြင့် ပေါင်းစပ်လာနိုင်ရင် ဈေးကွက်မှာ Synergy ပိုဖြစ်လာနိုင်တဲ့သဘောမျိုးပါ။ Horizontal Merger ဟုခေါ်သော လုပ်ငန်းတူကုမ္ပဏီများ ပေါင်းစည်းခြင်း။ Vertical Merger ဟုခေါ်သော လုပ်ငန်းအချင်းဆက်စပ်မှုရှိသော ကုမ္ပဏီများပေါင်းစည်းခြင်း။ Congeries Merge ဟုခေါ်သော လုပ်ငန်းစု တမျိုးတည်း (Industry) ရှိ ပစ္စည်းမတူသော (Product) လုပ်ငန်းများ ပေါင်းစည်းခြင်း။ Conglomerate Merger ဟုခေါ်သော လုပ်ငန်းခြင်းလုံးဝမတူညီသော ကုမ္ပဏီများပေါင်းသည်းခြင်း။ Market Extension Merger ဟုခေါ်သော အမျိုးတူပစ္စည်းများကို မတူသော ဈေးကွက်များတွင်ရောင်းချနေသော လုပ်ငန်း (၂-ခု) ပေါင်းစည်းခြင်း။ Product Extension Merger ဟုခေါ်သော ပစ္စည်းအမျိုးအစားခြင်း၊ ထုတ်လုပ်မှုခြင်းတူသော ကုမ္ပဏီ (၂) ခု ပေါင်းစည်းခြင်းဆိုတဲ့ သဘောတွေပဲဖြစ်ပါတယ်။ FDI နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု JV မှာတော့ (49 % - 51 %) ဖြင့် ပေါင်းစပ်ပြုလုပ်နိုင်ပြီး (51 %) ရရှိသူက လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ငန်းပိုင်ဆိုင်ခွင့် ပိုမိုရရှိနိုင်ခြင်းပဲဖြစ်ပါတယ်။   

လက်ရှိအနေအထားမှာ တိုးတက်နေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ အသင်းတွေကို ဆန်းစစ်ကြည့်ရင် Public Private Partnership (P.P.P) အားကောင်းမှုကြောင့်ဆိုတာ မြင်သာပါတယ်။ P.P.P ဆောင်ရွက်မှုဟုဆိုရာတွင် (အစိုးရ + ပုဂလိက + ပြည်သူ) များအားလုံးမှ ပူးပေါင်းပါဝင်ပေးသည့် Information (သတင်းပြန်ကြားဆက်သွယ်မှု)၊ Technology (နည်းပညာပေါင်းစပ်မှု)၊ Finance (ငွေကြေးဖလှယ်စီးဆင်းမှု)၊ Market (ဈေးကွက်စီးပွားရေးစနစ်ခိုင်မာလာမှု)၊ HR Capacity (လူ့စွမ်းအားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်မှု) စတဲ့ အခြေခံလုပ်ငန်း လိုအပ်ချက်များကို ဖန်တီးတည်ဆောက်ပေးခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများကို ရေရှည်သဖြင့်ဖွံ့ဖြိုးတိုးတက်စေသော နှစ်ဦးနှစ်ဖက်အကျိုးပြုမှုများကို ပေါင်းစပ်ဖန်တီးပေးခြင်းပဲဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက်အပြန်အလှန် ယုံကြည်မှုတွေကို တည်ဆောက်ပြီး P.P.P ဆောင်ရွက်မှုတွေ များလာနိုင်ရင်တော့ ယခင်ထက်ပိုမိုဖွံ့ဖြိုးတိုးတက်မှုတွေကို ဖန်တီးလာနိုင်ကြမှာပဲဖြစ်ပါတယ်။    

SOP လမ်းညွှန်ချက်များစွာထဲမှ အခြေခံကျတဲ့လုပ်ငန်းစီမံခန့်ခွဲပုံစံများမှာ Planning (စီစဉ်ရေးဆွဲခြင်း) နှစ်၊ ကာလအလိုက် လုပ်ငန်းရာထားချက်များ၊ Structure (ဖွဲ့စည်းတည်ဆောက်မှုပုံစံ)  လုပ်ငန်းအခြေအနေအလိုက် အရည်အသွေးမြင့်တင်မှု၊ ပြင်ဆင်ဖွဲ့စည်းမှုများ၊ Communication (ပြန်ကြားဆက်သွယ် ဆောင်ရွက်မှု) လုပ်ငန်းအတွင်းနှင့် ပြင်ပသို့ တိကျမြန်ဆန်မှန်ကန်သည့် ပြန်ကြားပေးမှုများ၊ Customer Focus (ဖောက်သည်များသို့ အခြေပြုဆောင်ရွက်မှု)  ဦးတည်ရမည့်ဖောက်သည်များနှင့် လိုအပ်လာတဲ့ ပြန်လည်ဖြည့်ဆည်း ပေးမှုများ၊ Sectoral Expertise (ဌာနအလိုက် မျှော်လင့်မှု) လုပ်ငန်းရည်ရွယ်ချက်သို့ ဌာနတစ်ခုချင်းအလိုက် ပြီးစီးဆောင်ရွက်ရမည့် ခွဲဝေသတ်မှတ်မှုများ၊ Innovation (ဆန်းသစ်တီထွင် ဆောင်ရွက်မှု) ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်စနစ်အလိုက် အလိုက်သင့်ဆန်းသစ်တီထွင် ရပ်တည်မှုများ ပြုလုပ်နိုင်ဖို့လိုပါတယ်။ Innovation များများလုပ်နိုင်တဲ့ လုပ်ငန်းတွေ ရှေ့တန်းရောက်လာတာ တွေ့နိုင်မှာပါ။ SOP ချမှတ်ခြင်းဖြင့် လုပ်ငန်းရည်ရွယ်ချက်အပေါ် ပါဝင်ဆောင်ရွက်သူများမှ ပိုမိုနားလည်းသဘောပေါက်ပြီး လုပ်ငန်းအောင်မြင်မှုဟာ မြန်ဆန်လာခြင်းပဲဖြစ်ပါတယ်။   

 

နိုင်ငံတစ်ခုရဲ့ စီးပွားရေးကို ခြုံငုံသုံးသပ်ကြည့်ရင် "Macro" စီးပွားရေးနှင့် "Micro" စီးပွားရေးဟူပြီး ပိုင်းခြားကြည့်ရှုနိုင်ပါတယ်။

Macro စီးပွားရေးဆိုတာက နိုင်ငံတခုလုံး၏ စီးပွားရေး ကြီးမားစွာလည်ပတ်နေမှုအပိုင်းကို ကြည့်ခြင်းဖြစ်ပါတယ်။ (ဥပမာ အားဖြင့် FDI ရင်းနှီးမြုပ်နှံမှုများ၊ GDI တိုးတက်မှုများ၊ National စီမံကိန်းများ) စသဖြင့်.....

Micro စီးပွားရေးဆိုတာက စီးပွားရေးဖော်ဆောင်နေသော SMEs လုပ်ငန်းတွေ၊ လုပ်ငန်းရှင်တွေ၊ စက်ရုံအလုပ်ရုံတွေ၊ လူတွေရဲ့ စီးပွားရေးပါဝင်လည်ပတ်နေမှုကို ကြည့်ခြင်းဖြစ်ပါတယ်။ (ဥပမာ အားဖြင့် SMEs တွေရဲ့ စီးပွားရေး %, နိုင်ငံသားတွေရဲ့ စီးပွားရေးအနေအထား၊ ဈေးကွက်အတွင်း Private လုပ်ငန်းတွေရဲ့ အနေအထား) စသဖြင့်.....

အနှစ်ချုပ်လိုက်ရင် Macro ဆိုတာကတော့ နိုင်ငံရဲ့စီးပွားရေးတစ်ခုလုံးကို ခြုံငုံသုံးသပ်ခြင်းဖြစ်ပြီး၊ Micro ဆိုတာကတော့ စီးပွားရေးတစ်ခုလုံးမှာပါဝင်နေတဲ့ တစ်ဦးချင်းရဲ့အပိုင်း၊ အဖွဲ့အစည်းတွေရဲ့အပိုင်းဖြစ်တဲ့ ဈေးကွက်ကိုပြန်လည် ခွဲခြားသုံးသပ်ခြင်းဖြစ်ပါတယ်။

SME - Small & Medium Enterprise (အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေး၊ ကုန်သွယ်ရေး၊ ၀န်ဆောင်ရေး စီးပွားရေးလုပ်ငန်းအဆင့်များကို ငွေကြေးအလိုက်၊ ၀န်ထမ်းအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ဖော်ပြခြင်းဖြစ်ပါသည်။

GDP - Gross Domestic Product (ပြည်တွင်း အသားတင်ထုတ်ကုန်) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ နိုင်ငံတနိုင်ငံ၏ အကျိုးစီးပွား ၀င်ငွေစုစုပေါင်းကို တွက်ချက်ဖော်ပြပေးသော အသုံးအနှုန်းဖြစ်ပါသည်။

NES - National Export Strategy (အမျိုးသားပို့ကုန် မဟာဗျူဟာ) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ နိုင်ငံတွင်းရှိ ကုန်ပစ္စည်းများအား နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရေးဆွဲထားသော မဟာဗျူဟာတစ်ခုပင်ဖြစ်ပါသည်။

Incoterm - International Commercial Terms (နိုင်ငံတကာ ကုန်သွယ်ရေးအသုံးအနှုန်းများ) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ တနိုင်ငံနှင့် တနိုင်ငံ တင်ပို့မှု - တင်သွင်းမှု ပြုလုပ်ရာတွင် တူညီစွာအသုံးပြုနိုင်ရန် သတ်မှတ်ထားသော အသုံးအနှုန်းများဖြစ်ပါသည်။

BOT - Building, Operating & Transferring (လုပ်ငန်းတည်ဆောက်ခြင်း၊ လည်ပတ်ခြင်း၊ ပြန်လည်လွှဲပြောင်းခြင်း) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ အစိုးရ နှင့် ပုဂ္ဂလိက သို့ လုပ်ငန်းများအား တည်ဆောက်စေခြင်း၊ နှစ်ကာလတခု လည်ပတ်စေခြင်းနှင့် အစိုးရသို့ပြန်လည်လွှဲပြောင်းပေးရခြင်း လုပ်ငန်းစဉ်များတွင် အသုံးပြုသောအသုံးအနှုန်းဖြစ်ပါသည်။

ISO - International Standard Organization (နိုင်ငံတကာ စံနှုန်းမှီသော အဖွဲ့အစည်း) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ကုန်ပစ္စည်းကို အသိအမှတ်ပြုခြင်းမဟုတ်ပဲ၊ အဖွဲ့အစည်း၏ ထုတ်လုပ်မှု၊ စီမံမှုများအား နိုင်ငံတကာစံများအတိုင်း ထုတ်လုပ်ထားသည်ကို ထောက်ခံချက်ပေးခြင်းဖြစ်ပါသည်။

MDG - Mullion Development Goal (ထောင်စုနှစ် စီမံကိန်း) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ UN အဖွဲ့အစည်း၏ နိုင်ငံများအားလုံး လက်ရှိထောင်စုနှစ်ကာလအတွင်း အဓိကထားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား စီမံကိန်းဆွဲဖော်ပြထားခြင်းဖြစ်ပါသည်။

P.P.P - Public Private Partnership (အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူ ပူးပေါင်းပါဝင်လုပ်ကိုင်ခြင်း) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရန်အတွက် အားလုံးမှ တာဝန်သိစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

HDI - Human Development Index (လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှုန်း တိုင်းတာမှုအညွန်ကိန်း) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ နိုင်ငံတနိုင်ငံ၏ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုသို့ ပညာရေး၊ ၀င်ငွေအဆင့်၊ စိတ်ကျေနပ်မှု စသည့်အချက်များဖြင့် တိုင်းတာသော အညွှန်းကိန်းဖြစ်ပါသည်။ 

FDI - Foreign Direct Investment (နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများအား ပြည်တွင်းတွင် တရားဝင် ၀င်ရောက်လုပ်ကိုနိုင်ရန် စီးပွားရေးဖိတ်ခေါ်ထားသော မဟာဗျူဟာဖြစ်ပါသည်။

MOU - Memorandum of Understanding (နှစ်ဦးသဘောတူ နားလည်မှုစာချွန်လွှာ) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ လုပ်ငန်းတခုနှင့်တခု ပူးပေါင်းဆောင်ရွက်မှုမပြုမှီမှာ ကြိုတင်သဘောတူ နားလည်မှုယူပြီး စာချုပ်ရေးထိုးခြင်းတွင် အသုံးပြုပါသည်။

JV - Joint Venture (49% - 51%) (အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ပြည်တွင်း နှင့် နိုင်ငံတကာ လုပ်ငန်းများ အကျိုးတူပူးပေါင်းရာတွင် ပြည်တွင်းမှ ၅၁ % နှင့် ပြည်ပမှ ၄၉ % သဘောတူညီ လုပ်ငန်းဆောင်ရွက်မှု အသုံးအနှုန်းဖြစ်ပါသည်။   

  • IMPORT DOCUMENTATION (သွင်းကုန်၏ စာရွက်စာတမ်းများ)
  •  
  • Transport documents (သယ်ယူပို့ဆောင်မှု စာရွက်စာတမ်းများ)

  • Bills of entry (ကုန်ပစ္စည်းဝင်ရောက်မှု ကျသင့်မှုငွေတောင်းခံလွှာ)

  • Air waybill (လေဆိပ် ကုန်ပို့လွှာ)

  • Certificate of inspection (စစ်ဆေးပြီးစီးကြောင်း အထောက်အထားစာရွက်)

  • Certificate of measurement (တိုင်းတာမှု အထောက်အထားစာရွက်)

  • Freight declaration (ပေးပို့သည့်ယာဉ်လမ်းကြောင်း၏ ရှင်းလင်းပြီးကြောင်းစာရွက်)

  • Fumigation certificate (သန့်စင်ပြီးကြောင်း စာရွက်စာတမ်း)

  •  
  • EXPORT DOCUMENTATION (တင်ပို့ကုန်၏ စာရွက်စာတမ်းများ)
  •  
  • Invoice (ကုန်ပစ္စည်းပို့စာရွက်စာတမ်း)

  • Certificate (အသိအမှတ်ပြု စာရွက်စာတမ်း)

  • Custom documents (အကောက်ခွန်ဆိုင်ရာ စာရွက်စာတမ်း)

  • Transport documents (ပစ္စည်းပို့ဆောင်မှု စာရွက်စာတမ်း)

  • Exchange control (တနေရာမှ တနေရာသို့လဲလှယ်မှု၊ ပိုင်ဆိုင်ပြမှု)

  • Payment documents (ငွေပေးချေမှု စာရွက်စာတမ်း)

  • Miscellaneous documents (ပစ္စည်းအမျိုးအမည်များပါဝင်သော စာရွက်စာတမ်း)

  •  
  • SHIPPING DOCUMENTATION (သင်္ဘောကုန်ပို့မှုဆိုင်ရာ စာရွက်စာတမ်းများ)
  •  
  • Shipper’s Export Declaration (သင်္ဘောပေးပို့သူ၏ တင်ပို့ကုန် ရှင်းလင်းချက်)

  • Validated Export Lincense (တရားဝင် တင်ပို့ကုန် လိုင်စင်)

  • Export Bill of Loading ( ကုန်ပစ္စည်းတင်ပို့ခ ကျသင့်ငွေစာရွက်)

  • Insurance Certificate (အာမခံမှုဆိုင်ရာ အထောက်အထားများ)

 

  • ဈေးနှုန်းစုံးစမ်းခြင်း - ကုန်ပစ္စည်းမှာယူလိုသည့် ကုမ္ပဏီမှ လိုအပ်သောစာရွက်များနှင့် အတူ လက်ကမ်းစာစောင်ပုံစံ၊ ထုတ်ကုန် ၏ အထောက်အထားစာရွက်များ၊ လုပ်ငန်း Profile များအား ထည့်သွင်းတောင်းရန်နှင့် ကုန်ပစ္စည်းဈေးနှုန်းအား CIF Yangon ရန်ကုန်သို့ အရောက်ဈေးနှုန်း (သို့) FOB ဆိပ်ကမ်းအရောက်ဈေးနှုန်းများအား ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သင့်ပါသည်။
  •  
  • ငွေပေးချေးမှု ပုံစံများ - မြန်မာနိုင်ငံ နိုင်ငံရပ်ခြားကုန်သွယ်မှုဘဏ်မှ တဆင့် ငွေပေးချေရသော ပြောင်းလဲ၍ မရသော ၁၀၀% အကြွေးဝယ်စာရွက် ပုံစံဖြင့်ပေးချေသင့်ပြီး တခြားသင့်လျှော်သော လက်ငင်းငွေချေးမှုပုံစံများ၊ ငွေစာရင်းဖွင့်ခြင်းပုံစံများ၊ ပစ္စည်းပေးအပ်မှု အရစ်ကျပြန်လည်ငွေပေးချေမှုပုံစံများဖြင့် ငွေပေးချေနိုင်မည့် နည်းလမ်းများအား ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။
  •  
  • ဈေးနှုန်း သတ်မှတ်ချက် - ဈေးနှုန်း အတက်အကျ မဖြစ်စေရန်လည်း Price Validity ကိုလည်း ညှိနိုင်းသင့်ပြီး၊ တခြားသော ကုန်သွယ်မှု အဆင့်ဆင့် နှင့် အစိုးရ ဈေးပြိုင်ခေါ်ဆိုမှု စီမံချက်များအတွက် ရက်-၃၀ (သို့) ထက်ပို၍ တောင်းခံသင့်သည်။
  •  
  • သယ်ယူပို့ဆောင်မှု ကာလ - သယ်ယူပို့ဆောင်မှုကာလအတွက်လည်း ဘဏ်မှ LC အကြွေးဝယ်စာရွက် လက်ခံရရှိပြီး ရက်-၃၀ ကြာပြီး ပစ္စည်းပေးပို့စေရန်လည်း ညှိနိုင်းဆွေးနွေးဆောင်ရွက်သင့်ပါသည်။
  •  
  • တခြားသော တင်သွင်းကုန် - တင်ပို့ကုန် ဆောင်ရွက်မှုအဆင့်များအား MOC Website – www.commerce.gov.mm တွင် အသေးစိတ် လေ့လာနိုင်ပါသည်။ 

Supply Chain ဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခု၏ ကုန်ကြမ်းမှသည် ကုန်ချော၊ ကုန်ချောမှသည် စားသုံးသူ လက်ထဲသို့ရောက်ရှိစေရန် ချိတ်ဆက်လုပ်ဆောင်ပြောင်းလဲပေးသော လုပ်ငန်းစဉ်ကို ခေါ်ပါသည်။

Supply Chain လုပ်ငန်းစဉ်ဟုပြောဆိုရာတွင် အောက်ပါ အဆင့်များ ချိန်ဆက်လုပ်ဆောင်ရမည်ဖြစ်ပါသည်။

  • Raw Material ကုန်ကြမ်းရှာဖွေဝယ်ယူမှု
  • Logistic Control ကုန်းကြမ်းသိုလှောင်မှု
  • Production ထုတ်လုပ်မှု
  • Finish Product ကုန်ချောအဆင့် သိုလှောင်မှု
  • Consumer စားသုံးသူလက်ဝယ်သို့ ပို့ဆောင်မှု တို့ဖြစ်ပါသည်။

Supply Chain ဟု ပြောရာတွင် Supply Chain Management (ထောက်ပံ့ချိတ်ဆက် စီမံခန့်ခွဲမှု) ဟူသည်လည်း အရေးကြီးသော အခန်းမှာ ပါဝင်လာပေမည်။

Supply Chain Management ဟူသည် ကုန်ပစ္စည်း၊ ၀န်ဆောင်မှု နှင့် သတင်းအချက်အလက် စိးဆင်းမှုကို စားသုံးသူများ စိတ်ကျေနပ်မှု အမြင့်ဆုံးရရှိစေရန် အဖြစ်နိုင်ဆုံးသောကုန်ကျစားရိတ် နည်းနိုင်သမျှနည်းရန် စီမံခန့်ခွဲခြင်းကို ဆိုလိုပါသည်။

ထိုအတူ Supply Chain ကို လေ့လာရာတွင် Logistics (ထောက်ပံ့ပို့ဆောင်ရေး) ဆိုသည်မှာလည်း အရေးကြီးပေသည်။

Logistics ဆိုသည်မှာ စားသုံးသူ လိုအပ်ချက်ပြည့်မှီစေရန် စားသုံးသူနှင့်ရောင်းချသူအကြား ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများ စီးဆင်းမှုကို စီမံခန့်ခွဲခြင်းဖြစ်သည်။

Logistics Management ဆိုသည်မှာ Supply Chain Management ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ထို Supply Chain ဖြစ်စဉ်တစ်ခုလုံးအတွင်းရှိ ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများကို စားသုံးသူ လက်ထဲသို့ ကုန်ကျစားရိတ်အနည်း ဆုံးနှင့် ထိရောက်မှုအရှိဆုံးဖြစ်ရန်  ပို့ဆောင်ခြင်း၊လုပ်ဆောင်ခြင်း၊ ထိန်းချုပ်ခြင်း နှင့် ပြန်လည် လက်ခံခြင်း ကို ဆိုလိုပါသည်။

ESME Logo


ESME Logo


ESME Logo