Marketing SOP (ဈေးကွက်ဖော်ဆောင်မှု လမ်းညွှန်)

Marketing SOP (ဈေးကွက်ဖော်ဆောင်မှု လမ်းညွှန်)
Share this Post:

Marketing SOP (ဈေးကွက်ဖော်ဆောင်မှု လမ်းညွှန်)

ကမ္ဘာမှာ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို လေ့လာကြည့်ရင် အဆင့် (၁) Leadership ဦးဆောင်မှုရဲ့ မဟာဗျူဟာ၊ အဆင့် (၂) Marketing ဈေးကွက်ဖော်ဆောင်မှုရဲ့ မဟာဗျူဟာ တို့ဟာ လုပ်ငန်းရဲ့ အဓိကကြတဲ့ ဆောင်ရွက်မှုတွေ ဖြစ်ပါတယ်။

ဈေးကွက်တခုကို ထိုးဖောက်ဝင်ရောက်တဲ့အခါ၊ လိုတာထက် လျော့ပြီး နေရာရတာနေလား၊ လိုတာထက် ပိုပြီး နေရာ ယူနေသလား၊ လိုအပ်တဲ့ နေရာတွေအပေါ် မူတည်ပြီး နေရာယူမလားတဲ့ ဈေးကွက် နေရာတွေကို ဆုံးဖြတ်ပြီး၊ ဈေးကွက်မဟာဗျူဟာတွေကို ဖော်ဆောင်ကြတဲ့အခါ…

The More you Give . . . The More you Get များများပေးလေလေ... များများရရှိလေလေ ဆိုတဲ့ အမြင်နဲ့အတူ
Under Promise . . . Over Deliver ကတိလျှော့ပေးပြီး... ပိုမိုဝန်ဆောင်မှုပေးနိုင်ဖို့ ဆိုတဲ့ ဖောက်သည် စိတ်ကျေနပ်မှု
Differentiation is Better & Faster အများနဲ့မတူညီတဲ့အချက်တွေနဲ့ ပိုမိုကောင်းမွန်အောင်ဖန်တီးဖို့ ဆိုတဲ့ အချက်တွေဟာ ဈေးကွက်မှာ အောင်မြင်စွာ ဦးဆောင်နိုင်မှာဖြစ်ပါတယ်။

Marketing ဈေးကွက်ထိုးဖောက်မှုနဲ့ ပတ်သတ်ပြီး SOP အဓိက လမ်းညွှန်ချက်တွေကို ကြိုင်တင်ပြင်ဆင် ရေးဆွဲပြီး ဈေးကွက်ထိုးဖောက်နိုင်လျှင် လုပ်ငန်းရဲ့ ၀န်ဆောင်မှု၊ မြန်ဆန်မှု၊ စနစ်ရှိမှု၊ လွယ်ကူမှု တွေကို ဖြစ်စေပြီး လုပ်ငန်းများ တိုးတက်နိုင်ဖို့ Marketing SOP ရေးဆွဲဆောင်ရွက်နိုင်ပါတယ်။

Marketing SOP ဆိုရာမှာတော့ လုပ်ငန်းစဉ်မှာ အဓိကပါဝင်သင့်တဲ့ အချက်များကို လမ်းညွှန်ရေးဆွဲပေးပြီး လုပ်ငန်းများ ပိုမိုတိုးတက်အောင် ကြားခံဆောင်ရွက်ပေးမှုတခုပင်ဖြစ်ပါတယ်။

ထုတ်ကုန်ပစ္စည်း၏ အားသာချက်၊ Key Words စကားလုံးများ၊ ဖောက်သည်သို့ မိတ်ဆက်ရမည့် အဓိကအကြောင်းများကို လေ့လာထုတ်နှုတ်ပြီး ကျွမ်းကျင်စွာလေ့ကျင့်ထားခြင်း

Marketing Plan အစီအစဉ်များ ကြိုတင်ပြင်ဆင်ရေးဆွဲပြီး၊ ဖောက်သည် သိရှိ နားလည်စေရန် ကြော်ငြာမှုများအား ပြင်ဆင်ရေးဆွဲဆောင်ရွက်ခြင်း

ဖောက်သည်နှင့်တွေ့ဆုံချိန်တွင် ၀န်ဆောင်ရမည့် ပစ္စည်းနမူနာ၊ လက်ကမ်းစာစောင်၊ လိပ်စာကဒ် စတဲ့ Marketing Material များအား ကြိုတင်ပြင်ထားမှုရှိခြင်း

ဖောက်သည်များအား Client, Customer ဦးစားပေးအလိုက် Data ဆက်သွယ်ရန် အချက်များ ရယူစုဆောင်းပြီး ပုံမှန်အားဖြင့် ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်ပေးခြင်း

Word of Mouth ဖောက်သည်မှတဆင့် ဖောက်သည်များ ပိုမိုရရှိနိုင်ရေးအတွက် နည်းလမ်းများအား အသုံးပြုလျှက် ချိတ်ဆက်ဝန်ဆောင်နည်းများ ဆောင်ရွက်ခြင်း

ဈေးကွက်အသစ်များအား တိုးချဲ့ရောက်ရှိစေရန် Marketing မိတ်ဆက်မှုများ၊ Distributor ပေးမှုများဖြင့် ဆက်သွယ်ချိတ်ဆက်မှုများ ပုံမှန်ဆောင်ရွက်ခြင်း

 

အရောင်းနှင့်ဈေးကွက်တိုးတက်မှုဆိုင်ရာ အပတ်စဉ်၊ လစဉ် သုံးသပ်ချက်များ၊ ဆွေးနွေးတိုင်ပင်မှုများ၊ ပြင်ဆင်ဆန်းစစ်မှုများအား ဆောင်ရွက်မှုရှိခြင်း

 

စတဲ့ ဈေးကွက်ဖော်ဆောင်မှုရဲ့ လုပ်ငန်းစဉ်တွေကို SOP မှတဆင့် SOD စာရွက်စာတမ်း လမ်းညွှန်ချက်ပြောင်းလဲပြီး လမ်းညွှန်ဆောင်ရွက်ခြင်းဖြင့်…

ရည်ရွယ်ထားချက် Sale Target ရရှိစေရန် ရောင်းအားပိုမိုရရှိရေးသို့ ဦးတည်ဆောင်ရွက်နိုင်ပါတယ်။

လုပ်ငန်းမိတ်ဖက်အဆက်အသွယ်များ တိုးတက်စေရန် Distributor ဖြန့်ဖြူးသူများသို့ ချိတ်ဆက်နိုင်ပါတယ်။

ဈေးကွက်ကြော်ငြာမှု Advertising နည်းလမ်းများအား အချိန်အားလျှော်စွာ တိုးမြင့်ဆောင်ရွက်နိုင်ပါတယ်။

ဖောက်သည်များအား အစဉ်အာရုံစိုက်လျှက် Service ၀န်ဆောင်မှုများ ကောင်းမွန်စွာဆောင်ရွက်နိုင်ပါတယ်။

အွန်လိုင်းမှ ဈေးကွက်ချိတ်ဆက်မှု Facebook Marketing ပုံစံများလည်း ပုံမှန်ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။

 

ဈေးကွက်စီးပွားရေးဆိုတာ ခေတ်တခုအလိုက် တိုးတက်ပြောင်းလဲလျှက်ရှိတာမို့ ပြောင်းလဲလာတဲ့ ဈေးကွက်အပေါ် မူတည်ပြီး Marketing Strategy တွေ ကို တိုးမြင့်ဆောင်ရွက်ခြင်းဖြင့် ယနေ့ခေတ်ရဲ့ ခေတ်ပြိုင် ဈေးကွက်မှာ အောင်မြင်မှုဖန်တီးနိုင်ဖို့ Marketing SOP လမ်းညွှန်ချက်များဖြင့် ဈေးကွက်ကို စနစ်တကျ လမ်းညွှန်ရေးဆွဲပြီး လုပ်ငန်းများ ပိုမိုတိုးတက်စေဖို့ အကြံပြုရေးသားလျှက်။

လေးစားလျှက်.....
Zin Phyo Paing
MESI Business Institute
www.eSMEmm.com



ESME Logo