အခက်အခဲတွေက အခွင့်အရေးတွေကို ဖန်တီးလာစေတယ် (ကျွန်တော့်ဘ၀အချိုးအကွေ့ မှတ်တိုင်တွေနဲ့အတူ အားပေးရင်း)

အခက်အခဲတွေက အခွင့်အရေးတွေကို ဖန်တီးလာစေတယ်  (ကျွန်တော့်ဘ၀အချိုးအကွေ့ မှတ်တိုင်တွေနဲ့အတူ အားပေးရင်း)
Share this Post:

အခက်အခဲတွေက အခွင့်အရေးတွေကို ဖန်တီးလာစေတယ်

(ကျွန်တော့်ဘ၀အချိုးအကွေ့ မှတ်တိုင်တွေနဲ့အတူ အားပေးရင်း)

 

အခွင့်အရေးတွေပေးလာပေမဲ့ - အခက်အခဲကို မြင်လိုက်ရင် ဘ၀ကို အရှုံပေးလိုက်ကြသလို၊ အခက်အခဲတွေကြားမှ အခွင့်အရေးအတွက် Never Give Up ဘယ်တော့မှ အရှုံးမပေး ကြိုးစားရင်း တနေ့မှာ အောင်မြင်မှုတွေက ဖန်တီးလာပါလိမ့်မယ်။

ယနေ့အခက်အခဲတိုင်းကို အရှုံပေးလိုက်ခြင်းဟာ နောင်မှာ ရရှိစေမဲ့ အခွင့်အရေးများစွာကို အရှုံးပေးခြင်းပါပဲ၊ အောင်မြင်မှုအတွက် စိတ်ရှည်သည်းခံမှုဆိုတာ မရှိလျှင် နောက်ဆုံး ကြီးမားတဲ့ ရလဒ်တွေကို မပိုင်ဆိုင်နိုင်ပါဘူး။ ဘ၀ကို ဘယ်တော့မှ အရှုံးမပေးဖို့ အားပေးရင်း ကျွန်တော် ဖြတ်သန်းခဲ့သမျှ မှတ်တိုင်တချို့က စိတ်ခွန်အားဖြစ်နိုင်ပါစေ။

ကျောင်းတက်ခဲ့တုန်းက အခက်အခဲကို ကျော်ဖြတ်ရင်း - ကျောင်းဆရာဆိုတဲ့ အခွင့်အရေးက ယနေ့ဖြစ်လာခဲ့ပြီ။

(စင်္ကာပူမှာ ကျောင်းတက်စဉ်က ည - ၂ နာရီအထိ အလုပ်လုပ်ပြီး စာသင်ခဲ့ဘူးတဲ့ အခက်အခဲတွေက - ယနေ့မှာ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ၊ များစွာသောလူထောင်ချီအတွက် အသိပညာ မျှဝေပေးနိုင်ဖို့ အခွင့်အရေးဖြစ်လာစေပါတယ်)

အလုပ်မရှိခဲ့ဘူးတဲ့ အခက်အခဲကို ကျော်ဖြတ်ရင်း - လုပ်ငန်းရှင်ဆိုတဲ့ အခွင့်အရေးက ယနေ့ဖြစ်လာခဲ့ပါပြီ။

(ဘ၀တခု ရပ်တည်ဖို့ အလုပ်ရှာစဉ်က များစွာသော ကုမ္ပဏီတွေရဲ့ ပယ်ချခံခဲ့ဘူးတဲ့ အခက်အခဲတွေက - ယနေ့မှာ MESI လုပ်ငန်းခွဲများစွာထူထောင်ဖို့၊ ကုမ္ပဏီတွေကို အကြံပေးနိုင်ဖို့ လုပ်ငန်းတခုကို ဦးဆောင်နိုင်တဲ့ အခွင့်အရေးဖြစ်လာစေပါတယ်)

ဝင်ငွေမရှိဘူးတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ရင်း - သိန်း ထောင်ချီ ရင်းနှီးမြုပ်နှံဖို့ အခွင့်အရေးက ယနေ့ဖြစ်လာခဲ့ပါပြီ။

(မအောင်မြင်စဉ်က ၀င်ငွေဆိုတာ (၀) ဖြစ်လို့ အရာရာမှာ အောက်ကျ သိမ်ငယ်ဖူးတဲ့ အခက်အခဲတွေက - ယနေ့မှာ ထူထောင်နိုင်သမျှ လုပ်ငန်းများနဲ့အတူ သိန်း ထောင်ချီ ရင်းနှီးမြုပ်နှံနိုင်ဖို့ အောင်မြင်မှု အခွင့်အရေး ဖြစ်လာစေပါတယ်)  

ကျွန်တော် အားပေးချင်တာတော့ အခက်အခဲဖြစ်ချိန်သာ အရှုံးပေးခဲ့မိရင် - ယနေ့ အခွင့်အရေးတွေကို မရနိုင်ပါဘူး၊ Never Give Up ဘယ်တော့မှ အရှုံးမပေးပဲ နောက်ဆုံး အောင်မြင်မှုရလဒ်အထိ ကြိုးစားကြဖို့ပါ။

အခက်အခဲတွေ ကြုံခဲ့စဉ်က ခံယူဖြစ်တဲ့ အတွေးတချို့နဲ့ အားပေးပါရစေ…

  • ယနေ့နဲ့ အသက်မရှင်ပါနဲ့ အနာဂတ်အောင်မြင်မှုနဲ့ အသက်ရှင်ကြိုးစားပါ။
  • ပြဿနာဆိုတာ အထွေအထူးမဟုတ်ပါဘူး အဆင်ပြေစွာ ဖြေရှင်းဖို့သာ စဉ်းစားပါ။
  • ယုံကြည်မှု မျှော်လင့်မှု နဲ့ ဆက်လက်ကြိုးစားနေသမျှ ဘယ်တော့မှ မရှုံးသေးပါဘူး။
  • အခက်အခဲတွေထဲမှ အခွင့်အရေးကို အာရုံစိုက်ပါ၊ စွန့်စားပါ၊ ကြိုးစားကျော်ဖြတ်ပါ။
  • စိတ်ဆန္ဒအား ကြီးမားသူတို့အဖို့ တနေ့မှာ အရာရာဖန်တီးနိုင်ဖို့ သံဓိဌါန်ချထားပါ။
  • မကြိုက်တဲ့အရာတွေကို လက်ခံဖို့ထက် လိုချင်တဲ့ ပြောင်းလဲမှုဖြစ်လာဖို့ ဖန်တီးပါ။
  • ကံမကောင်းလျှင် ပိုကြိုးစားပါ၊ ကောင်းစွာအလုပ်လုပ်ခြင်းဟာ ကံကောင်းခြင်းပါပဲ။
  • ဖြစ်ပျက်ခဲ့တာတွေကို မစဉ်းစားပဲ လိုချင်တဲ့ ရလဒ်ဖြစ်ဖို့သာ အာရုံစိုက်ကြိုးစားပါ။

အားပေးချင်တာတော့ အခက်အခဲတွေရဲ့နောက်မှာ အခွင့်အရေးတွေများစွာရှိနေပါတယ်၊ ဘယ်တော့မှ အရှုံမပေးတဲ့ စိတ်နဲ့အတူ ပေးလာတဲ့ အခြေအနေထက် လိုချင်တဲ့ အခြေအနေကို ပြောင်းလဲဖန်တီးယူပါလို့ အားပေးပါရစေ။

ကျွန်တော်ဟာ အများနဲ့ ယှဉ်လိုက်ရင် ကံကောင်းသူထဲမှာ ပါမှာမဟုတ်လို့၊ အခက်အခဲပိုများခဲ့တယ်၊ ကျွန်တော်ဘ၀ အချိုးအကွေ့ မှတ်တိုင် အရာရာကို ကျေးဇူးတင်နေမိပါတယ်၊ ထိုအခက်အခဲတွေကို ဖြေရှင်းကြိုးစားရင်းနဲ့ ယနေ့အခွင့်အရေးကို ဖန်တီးဖို့ ခွန်အားဖြစ်လာစေလို့ပါပဲ။  

သင်္ကြန်အားလပ်ရက်မှာ ဘ၀အတွက် အရေးကြီးတဲ့ နောင်နှစ်စာ Life Plan တွေအတွက် ပြင်ဆင်ပြီး လိုချင်တဲ့ ဘ၀ပုံစံကို ဖန်တီးယူနိုင်ကြဖို့ အားပေးရင်း နှစ်သစ်မှာ မိတ်ဆွေအပေါင်း ကိုယ်စိတ် ကျန်းမာသုခ ရနိုင်ပါစေ။

Never Ever Give Up 

လေးစားလျှက်

Zin Phyo Paing
MESI Business Institute
EntrepreneurSME.com

မြန်မာနိုင်ငံအနှံ့ မြို့ပေါင်း (၂၇-မြို့) အထိ သင်တန်းများပို့ချပေးထားသော
Myanmar Entrepreneur SME Institute (MESI) သင်တန်းကျောင်း



ESME Logo