ပြောင်းလဲမှုစီမံခြင်း (၈) ရပ်

ပြောင်းလဲမှုစီမံခြင်း (၈) ရပ်
Share this Post:

ပြောင်းလဲမှုစီမံခြင်းဟာ အမှန်တော့ လူတိုင်းအတွက်လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ မွေးတဲ့ အချိန်ကစပြီး သေတဲ့အချိန်ထိ ပြောင်းလဲမှုတွေကို စက္ကန့်နဲ့ အမျှရင်ဆိုင်နေရတယ်။ ရှောင်လို့မရပါဘူး၊ ကြောက်ရွံ့နေလို့မဖြစ်ပါဘူး။ ပြောင်းလဲမှုကို သိမ်သိမ်မွေ့မွေ့ရင်ဆိုင်နိုင်မယ့် သတ္တိတွေ မွေးနိုင်ဖို့သာ အရေးကြီး

ပြောင်းလဲမှုစီမံခြင်းဟာ အမှန်တော့လူတိုင်းအတွက်လိုအပ်ပါတယ် ကျွန်တော်တို့ဟာ မွေးတဲ့အချိန်ကစပြီး သေတဲ့အချိန်ထိပြောင်းလဲမှုတွေကို စက္ကန့်နဲ့အမျှ ရင်ဆိုင်နေရပါတယ်။ ကြောက်နေလို့မဖြစ်ပါဘူး ၊ ပြောင်းလဲမှုကို သိမ်သိမ်မွေ့မွေ့ရင်ဆိုင် နိုင်မယ့်သတ္တိတွေ၊ အသိတွေမွေးနိုင်ဖို့သာ အရေးကြီးတာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ပြောင်းလဲမှုမျိုးစုံးကို ရင်ဆိုင်နေကြရတယ်။ နိုင်ငံရေး နယ်ပယ်မှာ၊ စီးပွားရေးနယ်ပယ်မှာ၊ လူမှုရေးနယ်ပယ်မှာ တွေ့ကြုံနေရတယ်။ ပြောင်းလဲမှုကို ရင်ဆိုင်တဲ့နေရာမှာ စနစ်တကျဆောင်ရွတ်တာမျိုး မဟုတ်ဘဲ အဆင်ပြေသလို လုပ်နေကြတယ်။ ဒါကြောင့်ပြောင်းလဲမှုကို ရင်ဆိုင်တဲ့အခါ သပ်သပ်ရပ်ရပ် ဖြေရှင်းနိုင်ဖို့ ကျွန်တော်လေ့လာဖူးတဲ့ ပြောင်းလဲမှုစီမံခြင်း ၈ ရပ်ကို တင်ပြချင်ပါတယ်။

၁ ။      ။ ပထမအဆင့်က အရေးကြီးဆုံးအဆင့် ဖြစ်ပါတယ်။ ဒါကတော့ ပြုပြင်ပြောင်းလဲမှု့ကို ချက်ချင်းမဖြစ်မနေ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း လက်ခံခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ လက်ရှိအခြေအနေကို မကျေနပ်ခြင်း၊ လက်မခံခြင်းဟာ အရေးကြီးပါတယ်။ လက်ရှိအနေအထားကို ကျေနပ်နေသရွေ့ ပြောင်းလဲဖို့ခဲယဉ်းပါတယ်။ လူတစ်ဦးတစ်ယောက်အနေနဲ့ ဖြစ်နေတဲ့အခြေအနေတစ်ရပ်ကို ကျေနပ်နေသရွေ့ ပြောင်းလဲဖို့စဉ်းစားမှာမဟုတ်ပါဘူး။

၂။       ။ ဒုတိယအဆင့်က ပြောင်းလဲမှုတစ်ရပ်စဉ်းစားရာမှာ တစ်ဦးတည်းကြိတ်ပြီးလုပ်နေတာမျိုးမဟုတ်ဘဲ မိမိကို အကူအညီပေးနိုင်မယ့်၊ အားပေးနိုင်မယ့် လူတွေကိုစုစည်းဖို့လိုပါတယ်။ ပြောင်းလဲမှု ဆောင်ရွတ်တဲ့နေရာမှာ တစ်ဦးတည်း ဆောင်ရွက်ရင် အထီးကျန်လှပါတယ်။ တစ်ခါတစ်လေ စိတ်ဓါတ်ကျဆင်းတဲ့အခါ မိမိကိုနားလည်မယ့်သူ၊ မိမိကိုအားပေးမယ့်သူဟာ အလွန်လိုအပ်ပါတယ်။

၃။       ။ တတိယအဆင့်ကတော့ ပြုပြင်ပြောင်းလဲမှု အောင်မြင်တဲ့အခါ ဖြစ်ပေါ်လာမယ့် အခြေအနေကို မြင်နိုင်အောင်ကြိုးစားရမှာ ဖြစ်ပါတယ်။ ပြောင်းလဲမှု့ကြောင့်ရလာမည့်ရလဒ်ကို ထင်ထင်ရှားရှား မြင်သာအောင် ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ ရလဒ်ကို ကြည်ကြည်လင်လင်မြင်နိုင်တာနဲ့အမျှ ပြောင်းလဲမှုဟာ မြန်မြန်ဆန်ဆန်ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

၎။       ။စတုတ္ထအဆင့်ကတော့ ဒီပေါ်လာမယ့် ရူပါရုံကို ကိုယ်တစ်ဦးတည်းသိရုံ မြင်ရုံ မဟုတ်ဘဲ ကျန်ရှိတဲ့သူတွေသိလာအောင် ကြိုးစားရမှာဖြစ်ပါတယ်။ မိမိအနေနဲ့ အခုလိုဆောင်ရွက်နိုင်ပါက ပြောင်းလဲမှုဟာ အောင်မြင်မှု ရနိုင်မှာသာဖြစ်ပါတယ်။

၅။       ။ပဉ္စမအဆင့်ကတော့ ပြောင်းလဲမှုလုပ်တဲ့နေရာမှာ ပါဝင်ပတ်သက်တဲ့သူတွေကို လုပ်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ လူတိုင်းမှာ လုပ်ရည်ကိုင်ရည်ရှိကြပါတယ်။ ဒီလုပ်ရည်ကိုင်ရည်ကို မြှင့်တင်ပေးရမယ်၊ အသိအမှတ်ပြုရမယ်။ သူ့နေရာနဲ့သူ လုပ်ရည်ကိုင်ရည် ရှိကြတာပါပဲ။ ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးရင် လုပ်နိုင်မယ့်သူတွေသာ ဖြစ်ပါတယ်။ ပြောင်းလဲမှုမှာ အထက်အောက်အားလုံး ဆောင်ရွက်နိုင်စွမ်း ရှိကြပါတယ်။

၆။       ။ဆဌမအဆင့်က အသေအချာ စဉ်းစားသင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ ပြောင်းလဲမှုတစ်ရပ်ဟာ မာရသွန်ပြေးပွဲတစ်ခုနဲ့ ပုံသဏ္ဍန်တူပါတယ်။ ပြောင်းလဲမှုတစ်ရပ်ဟာ ချက်ချင်းလက်ငင်း ဆောင်ရွက်ပြီးမြောက်သွားတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ စိတ်ရှည်ရှည်နဲ့ ဆောင်ရွက်သွားဖို့ အရေးကြီးပါတယ်။ အခုလို ခရီးရှည်ကြီးတစ်ရပ်ဖြစ်တာမို့ တစ်ခါတစ်ရံ စိ်တ်မရှည်တာ၊ စိတ်ဓာတ်ကျတာများ ကြုံတွေ့ရတက်ပါတယ်။ ဒါကြောင့်ချက်ချင်းလက်ငင်း ထင်သာမြင်သာတဲ့ အောင်မြင်မှု့တွေကို လမ်းခရီးမှာ ရယူဖန်တီးဖို့ အရေးကြီးလှပါတယ်။ တစ်နည်းပြောရရင် သစ်ပင်ပေါ်မှာသီးနေတဲ့သစ်သီးတွေ ခူးဆွတ်တဲ့နေရာမှာ မမီတဲ့သစ်သီးတွေကို တံချူနဲ့လှမ်းပြီးခူးမယ့်အစား လက်လှမ်းမှီတဲ့အသီးတွေကို ခူးဆွတ်ခြင်းဖြစ်ပါတယ်။

၇။       ။နံပါတ်(၇) အဆင့်ကတော့ရလာတဲ့ အောင်မြင်မှုတွေကို အခြေပြုပြီး ကောင်းသထက်ကောင်းအောင် တည်ဆောက်သွားရမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အခြေခံတွေကို တည်ဆောက်နိုင်ပြီးအချိန်မှာ ဒီအောင်မြင်မှု့တွေကို အခြေခံပြီး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

၈။       ။ နောက်ဆုံးအဆင့်ကတော့ အခုလို အဆင့်ဆင့်ကြိုးစားဆောင်ရွက်ပြီးလို့ ပြောင်းလဲမှုကို ဖန်တီးပေးနိုင်တဲ့အခါ ဒီအပြောင်းအလဲကို ခိုင်မြဲအောင်မြဲမြံအောင်လုပ်ဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် နဂိုအခြေအနေပြန်မရောက်အောင်၊ နောက်ပြန်မလှည့်တဲ့ ပြောင်းလဲမှုကို ရအောင်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

 

အဖွဲ့အစည်းများဟာ ပြောင်းလဲမှု့ကို လိုလားကြတယ်။ ပေါ်လာတဲ့အခွင့်အရေးတွေကို ရအောင်ယူပြီး အကျိုးရှိအောင်ဖန်တီးလိုကြတယ်။ ဒါပေမဲ့ စနစ်တကျ ဆောင်ရွက်နိုင်စွမ်းမရှိရင် ပြောင်းလဲမှုတွေအောင်မြင်မှာမဟုတ်ပါဘူး။ ပြောင်းတိုင်းအကောင်းဖြစ်မယ်လို့ တရားသေ မပြောနိုင်ပါဘူး။ ကောင်းတဲ့ပြောင်းလဲမှုတွေ ရနိုင်အောင် တင်ပြခဲ့တဲ့ အဆင့်(၈)ရပ်ကို လိုက်နာနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

-------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်

www.entrepreneursme.com (www.esmemm.com)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။

 

 



ESME Logo