SME အတွက်ချေးငွေ

SME အတွက်ချေးငွေ
Share this Post:

 မနေ့ကနယ်က မိတ်ဆွေတယောက် နဲ့ SME ၇ုံး ကို သွားSME ချေးငွေတွေအကြောင်းမေးကြည့်တာပါ SME ရုံးကတော့ တက္ကသိုလ်ရိပ်သာလမ်းသစ်မှာပါ CB bank မှာလဲမေးခဲ့ပါတယ် SME ချေးငွေဆွေးနွေးပေးဖို့ သီးသန့်ရုံးခန်းကို ဗိုလ်ရွဲလမ်းအောက်ဘလောက်မှာဖွင့်ထားပါတယ် သိရသလောက် အကြမ်းဖျင်းပြောရရင် ချေးငွေရရှိရန်လိုအပ်ချက်တွေက လုပ်ငန်းသက်တမ်း ၂နှစ်ရှိပြီး သောစီးပွားရေးလုပ်ငန်း ပြီးခဲ့သည့် ၂ နှစ်စာ လုပ်ငန်းဘဏ်ဏာရေးရှင်းတမ်းနှင့် ရှေ့တနှစ်စာ ခန့်မှန်း အရှုံးအမြတ်စရင်း Future plan ပြီးခဲ့သည့် ၂ နှစ်စာ လုပ်ငန်းဝင်ငွေခွန်ပြေစာ Monthly bank statement SME Development Center ကထုတ်ပေးတဲ့ SME အသိအမှတ်ပြုထောက်ခံချက် ( ကိုယ့်လုပ်ငန်းမှန်ကန်တယ်ဆိုရင် အလွယ်တကူရရှိပါတယ် SME register လိုအပ်ပါတယ် မှတ်ပုံတင်ဖို့ကို လဲ လိုအပ်တဲ့ စာရွက်စာတမ်းများနဲ့ဖောင်ဖြည့်လိုက်ပြီးခေလျာက်ထားရုံပါပဲ ပြည်နယ်နဲ့တိုင်းအနှံ ရုံးခွဲတွေရှိတယ်လို့လဲပြောပါတယ်) လုပ်ငန်းလိုင်စင် အာမခံပစ္စည်းပါရင် အာမခံပစ္စည်းပိုင်ဆိုင်မှု စာရွက်စာတမ်းများ လိုအပ်ပါတယ် ချေးငွေက သုံးမျိုးရှိပါတယ် SME JICA loan SME CGI loan SME Demand loan ပါ ၀န်ဆောင်မှု ကုန်သွယ်မှု နဲ့ထုတ်လုပ်မှုလုပ်ငန်းတွေမှာ ကုန်ထုတ်လုပ်သူများ စက်ပစ္စည်းဝယ်ယူရန်ချေးငွေကို ပို မို လိုလားကြောင်းပြောပါ တယ် လုပ်ငန်းတွေအပေါ်မူတည်ပြီး ချေးငွေထုတ်ပေးမှာဖြစ်ပါတယ် SME JICA Loan ကတော့ အများဆုံး ကျပ်ငွေသိန်း ၅၀၀၀ ထောင် အထိထုတ်ချေးပေးမှာဖြစ်ပါတယ် အတိုးကတော့ ၈.၅%ပေးရမှာဖြစ်ပြီး ချေးငွေသက်တမ်းကတော့ ၂နှစ် မှ ၅နှစ်ဖြစ်ပါတယ် အပေါင်ပစ္စည်း ( အာမခံပစ္စည်း) ထားရှိပေးဖို့လိုအပ်ပါတယ် ချေးငွေရရှိတာနဲ့ ဘဏ်မှထုတ်ယူသုံးစွဲသည်ဖြစ်စေမထုတ်.ယူသည်ဖြစ်စေ ရရှိထားသောချေးငွေပမာဏအားလုံးအတွက် ရရှိထားသော ချေးငွေသက်တမ်း အတိုင်း အတိုးပေးဆောင်ရမှဖြစ်ပါတယ် လာမယ့် အောက်တို ဘာ ၁၅ မှာတော့ ချေးငွေအတွက် ပိတ်ရက်ဖြစ်လို့ စာရွက်စာတမ်းမပြည့်စုံရင်တော့ လာမယ့်နှစ်မှသာလျောက်ထားလို့ရနိုင်မယ်လို့ပြောပါတယ် SME Demand loan ကတော့ JICA loanနဲ့ တူပါတယ် ဒါပေမယ့် သူက အတိုး ၁၃%ဖြစ်ပြီး မတူတာတော့ ချေးငွေ ကို ရရှိထားတဲ့ပမာဏထဲမှ ဘဏ်မှထုတ်ယူသုံးစွဲသလောက်သာအတိုးပေးရမှာဖြစ်ပါတယ် CGI Loan ကတော့အပေါင်ပစည်းထားရန်မရှိသူတွေကိုချေးငွေပေးထာဖြစ်ပြီး SMEချေးငွေပေးတဲ့ ဘဏ်ခြောက်ခုထဲမှာ တခုတည်းသော အပေါငပစ္စည်းမလိုချေးငွေထုတ်ပေးတဲ့ ဘဏ်လို့ပြောပါတယ် (ကြော်ငြာမ၀င်ပါ ) CGIချေးငွေအတွက်ကတော့ SME ထောက်ခံချက် နဲ့ ဘဏ် သီု့ချေးငွေလျောက်ထားရမှာဖြစ်ပြီး အများဆုံး မြန်မာကျပ်ငွေ သိန်း ၂၀၀သာထုတ်ချေးပေးမှာဖြစ်ပါတယ် အတိုးကတော့ ၁၃% ဖြစ်ပြီး သက်တမ်းကတော့ ၁နှစ်သာပေးမှာဖြစ်ပါ လျောက်ထားသူဟာ ချေးငွေရယူခွင့်ရရှိပြီဆိုရင် တော့ မြန်မာ့အာမခံလုပ်ငန်းကို အာမခံချေး ရရှိမယ့်ချေးငွေပမာဏရဲ့ 1% ကို အာမခံကြေးအဖြစ်အရင်ပေးသွင်းရမှာဖြစ်ပြီး အာမခံကြေးပေးသွင်းပြီးတာနှင့်တပြိုင်နက် မိမိ ဘဏ်စရင်းသို့ ရရှိထားသောချေးငွေ ပမာဏ ကို ဘဏ်မှာ ပေးသွင်းပေးမှာဖြစ်ပါတယ် ပြန်လည်ပေးဆပ်တဲ့အခါ ရရှိထားသော ပမာအတိုင်းပေးဆပ်ရမှာဖြစ်ပြီး အတိုးကိုလဲ ရရှိထားသောပမာဏအတိုင်းပေးဆပ်ရရမှာဖြစ်ပါတယ် အသေးစိတ်သိချင်တာတွေကို ကိုယ်တိုင်သွားမေးလို့ရပါတယ် အားလုံး စိတ်ရှည်စွာဖြေကြားပေးပါတယ် လို့ Credit- #WinPyaePyaeAung



ESME Logo