Business Plan ရေးသားနည်း နှင့် စွန့်ဦးတီထွင်မှုအခွင့်အလမ်း.....

Business Plan ရေးသားနည်း နှင့် စွန့်ဦးတီထွင်မှုအခွင့်အလမ်း.....
Share this Post:

စီးပွားရေးအစီအစဉ်ရေးဆွဲခြင်း၏ အဓိကအချက်များဖြစ်တဲ့…

  • (R&D) ဈေးကွက်အား သုသေသနလေ့လာမှုပြုလုပ်ခြင်း
  • Vision & Mission လုပ်ငန်း ရည်ရွယ်ချက်များရေးဆွဲခြင်း
  • Business Model စီးပွားရေးပုံစံငယ် သတ်မှတ်ရေးဆွဲခြင်း
  • Marketing & Sale ဈေးကွက်ထိုးဖောက်ခြင်းနှင့် ရောင်းချခြင်း
  • Financial & Loan ငွေကြေးနှင့် ချေးငွေအစီအစဉ်များ
  • Management Team လုပ်ငန်းတွင်ပါဝင်မည့် အဖွဲ့ဝင်များ
  • Milestone & Exit Plan ရေရှည်စီမံကိန်းနှင့် Exit အစီအစဉ်
  • များအား ကြိုတင်ရေးဆွဲထားပြီး၊ နိုင်ငံတကာ လုပ်ငန်းချိတ်ဆက်မှု အခွင့်အရေးများရရှိလာတဲ့အခါဖြစ်စေ၊ အစုစပ်လုပ်ငန်းများဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လိုသည့်အခါဖြစ်စေ၊ အစိုးရလုပ်ငန်းစဉ်များ ဘဏ်များသို့ တင်ပြပြီး ချေးငွေဆောင်ရွက်လိုသည့်အခါဖြစ်စေ အပြေးပြိုင်ပွဲမှာ အနိုင်ရသလို၊ စာမေးပွဲမှာ အောင်မြင်စွာဖြေဆိုနိုင်သလို မလုပ်ခင် ပြင်ဆင်မှုရဲ့ အကျိုးရလဒ်ဖြစ်စေလို့ (Business Plan) ဟာ အရေးကြီးလှတဲ့ လုပ်ဆောင်မှုတခုပင်ဖြစ်ပါတယ်။

 

  • စွန့်ဦးတီထွင်မှုများ တိုးတက်လာခြင်းဖြင့် ဈေးကွက်သစ်များဖြစ်ပေါ်လာမှု၊ အလုပ်အကိုင်များပေးနိုင်မှု၊ ပြည်တွင်းစိးပွားရေးတိုးတက်လာမှု၊ လူမှုပတ်ဝန်ကျင်၏ လိုအပ်ချက်များအား ပိုမိုဝန်ဆောင်မှုပေးနိုင်ဖြင့် မြန်မာ့စိးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်မှာဖြစ်လို့ ယခုကဲ့သို့ အစီအစဉ်များအား များစွာဆောင်ရွက်ပေးရန်လိုအပ်ပါတယ်။

 

  • ယခုအစီအစဉ်တွင် Business Plan လက်တွေ့ရေးဆွဲမှုများအား MESI Institute – CEO Training (Batch 9) မှ သင်တန်းအဖွဲ့ဝင် (၄-ဦး) မှ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး…
  • ပါဝင်တက်ရောက်လာသူများမှ Start-up အခက်အခဲများဆိုင်ရာ Q&A အစီအစဉ်တွင်
  • လက်ရှိရင်ဆိုင်ကြုံတွေ့နေရာသော ရင်းနှီးမြုပ်နှံမှု ငွေကြေးအခက်အခဲများအား မည်သို့ ရှာဖွေနိုင်ပုံအား မေးမြန်းမှုတွင်…
  • (နည်းလမ်း - ၁) ငွေကြေးအရင်းအနှီးစိုက်ထုတ်နိုင်သူနဲ့ပေါင်းပြီး လုပ်ငန်းစတင်နိုင်ခြင်း။ 
  • (နည်းလမ်း - ၂) မိမိရှိတဲ့ငွေနဲ့ပဲ MVP ကိုပဲ ဦးစားပေးပြီး လုပ်ငန်းအသေးကိုစတင်လုပ်နိုင်ခြင်း။
  • (နည်းလမ်း - ၃) ဘဏ်၊ မိသားစု၊ မိတ်ဆွေများထံမှ ချေးယူပြီးလုပ်ငန်းစတင်နိုင်ခြင်း။
  • (နည်းလမ်း - ၄) မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ပေါင်းပြီး ဖက်စပ်ပုံစံနဲ့လည်းစတင်နိုင်ခြင်း။
  • (နည်းလမ်း - ၅) နိုင်ငံခြားရင်းနှီးမြုပ်နှံသူ Investor တွေကိုချိတ်ဆက်ပြီးလည်းစတင်နိုင်ခြင်း။
  • စတဲ့ နည်းလမ်းများမှ ငွေကြေးအရင်းအနှီးများရှာဖွေနိုင်ပြီး လက်ရှိအနေအထားတွင်လည်း SMEs ချေးငွေများအား SMIDB ဘဏ်၊ AYA ဘဏ်၊ KBZ ဘဏ် စသည့်ဘဏ်များမှ (၈.၅) အတိုးဖြင့် ချေးငွေအစီအစဉ် အခွင့်အလမ်းများအတွက် SMEs မှတ်ပုံတင်မှုအဆင့်များ၊ ချိတ်ဆက်ရမည့် နည်းလမ်းများနှင့် Business Plan တွင် ပါဝင်သင့်သည့် အချက်များအား Judge များမှ လမ်းညွှန်ဆွေးနွေးပေးခဲ့သည်။

 

  • Business Plan ယှဉ်ပြိုင်မှုတွင် 
  • - ဒေါက်တာနေမျိုး မှ (Million Bonanaza Group) လုပ်ငန်းသစ် စတင်မည့်အစီအစဉ်
  • - ဒေါက်တာစိုင်းလရောင် မှ (Model Madness Clothing) လုပ်ငန်းသစ် စတင်မည့်အစီအစဉ်
  • - ကိုမျိုးကျော်သူ မှ (Pusi Garden & Bakery) လုပ်ငန်းသစ် စတင်မည့်အစီအစဉ်
  • - မစိုးစန္ဒီနိုင် (Super Nova Service) လုပ်ငန်းသစ် စတင်မည့်အစီအစဉ် များဖြင့် 
  • ပါဝင်ယှဉ်ပြိုင်ကြသော CEO Training Batch (9) မှ သင်တန်းအဖွဲ့ဝင်များမှ ကိုယ်တိုင်ရေးဆွဲပြင်ဆင်ထားသော Business Plan ပါဝင်ယှဉ်ပြိုင်ကြပြီး MESI သင်တန်းကျောင်းမှ ဆရာများမှ Judge အဖြစ် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းသစ်စတင်လိုသူများ (၄၀-ဦး) ခန့်မှ တဦးနှင့်တဦး စီးပွားရေးချိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ Business Plan များအား ပါဝင်လေ့လာရင်း ပါဝင်တက်ရောက်ခဲ့ကြသည်။

 

  • Business Plan Award (ငွေသားဆု - ၂၀၀.၀၀၀ သိန်း) အား ကိုမျိုးကျော်သူ (Pusi Garden & Bakery) အား ချီးမြင့်ပေးခဲ့ပြီး၊ Business Plan Award (အကြံပေးဆု - ၃ သိန်းဖိုး) အား မစိုးစန္ဒီနိုင် (Super Nova Service) တိုးအား ချီးမြင့်ပေးခဲ့သည်။ 
  • ယခုအစီအစဉ်အား MESI သင်တန်းကျောင်းမှ (အခမဲ့) စီစဉ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။
  • မြန်မာ့စွန့်ဦးတီထွင် ပိုမိုဖွံ့ဖြိုးတိုးတက်မှုအတွက် ကြုံတွေ့နေရသော အခက်အခဲများဖြစ်တဲ့ လိုအပ်သော သတင်းအချက်အလက်၊ လုပ်ငန်းစဉ်အတွင်း လိုအပ်သော စာရွက်စာတမ်းများ၊ ချိတ်ဆက်ဆောင်ရွက်ရမည့် ဌာနများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းစတင်ရန်အတွက် လိုအပ်သော အကြံပေးဆောင်ရွက်မှုများအား MESI စီးပွားရေးသင်တန်းကျောင်းမှ ၀န်ဆောင်မှုပေးနေပြီး၊ လုပ်ငန်းရှင်တန်းခွဲများ၊ ကုမ္ပဏီလုပ်ငန်းလိုအပ်တဲ့ စာရွက်စာတမ်းများ လက်တွေ့ပံ့ပိုးကူညီပေးလျှက် …

 

  • မြန်မာနိုင်ငံအနှံ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရန်အတွက်
  • (1) ပညာရှင်များစွာ၏ ဆောင်းပါးအမျိုးအစား (၂၀၀) ကျော် နှင့် 
  • (2) လုပ်ငန်းရှင်ပေါင်း (၄၀၀) ခန့်၏ ဆက်သွယ်ရန် လိပ်စာကဒ်များ၊ 
  • (3) ပညာရှင်များ၏ နာမည်ကြီးသော ဟောပြောမှု ဗီဒီယိုများ၊ 
  • (4) Job Opportunity အလုပ်အကိုင်အခွင့်အလမ်းများ၊ 
  • (5) ပညာရှင်များ၏ Presentation (အခမဲ့) Download များ
  • (6) စီးပွားရေးလုပ်ငန်းခွင်အတွက် အမေးအဖြေ Q&A များ
  • (7) မြန်မာ့စီးပွားရေး အချက်အလက်များကို တနေရာတည်းတွင် (အခမဲ့) စုစည်းတင်ဆက်ပေးထားပါတယ်။

 

အားလုံးအတွက် ပိုမိုအကျိုးရှိစေဖို့ မိတ်ဆွေသူငယ်ချင်းများအား Like & Share >>> ပြန်လည်မျှဝေပေးခြင်းဖြင့် လူမှုအကျိုးပြု ပြန်လည်ကူညီပေးနိုင်ပါတယ်။ Thanks you! ကျေးဇူးတင်ပါတယ် :)

စွန့်ဦးတီထွင် စီးပွားရေးစီမံခန့်ခွဲမှု (အခမဲ့) ၀ဘ်ဆိုဒ်

www.EntrepreneurSME.com (eSMEmm.com)

................................................................

မြန်မာ့စွန့်ဦးတီထွင် စီးပွားရေးသင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)



ESME Logo