စိတ်ကူးတွေကို ခက်ခက်ခဲခဲ အကောင်အထည်ဖော်နေဆဲ မြန်မာလူငယ်တွေ ။

စိတ်ကူးတွေကို ခက်ခက်ခဲခဲ အကောင်အထည်ဖော်နေဆဲ မြန်မာလူငယ်တွေ ။
Share this Post:

စိတ်ကူးတွေကို ခက်ခက်ခဲခဲ အကောင်အထည်ဖော်နေဆဲ မြန်မာလူငယ်တွေ ။

ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ၂၀၁၆ခုနှစ်  အာရှရဲ့ အလားအလာရှိတဲ့ လူငယ်လုပ်ငန်းရှင် အယောက် ၃၀ဝ စာရင်းမှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင် ရှစ်ယောက်ပါဝင်လာပါတယ်။ြ

မန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာ၊ လိုအပ်ချက်တွေကို အခြေခံပြီး လူငယ်တွေရဲ့ တီထွင်ကြံဆမှုတွေနဲ့ ပေါင်းစပ်ပြီး စတင်လိုက်တဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို ကမ္ဘာ့အထင်ကရ မဂ္ဂဇင်းတစ်ခုက အသိအမှတ် ပြုလိုက်တာဖြစ်ပါတယ်။ အခက်အခဲတွေရှိပေမဲ့လည်း သူတို့ဆက်သွားမယ့် လုပ်ငန်းလမ်းကြောင်း တွေကို ပိုမိုခိုင်မာစေခဲ့ပါတယ်။

ထို အကြောင်းအရာများ အတွက် လူငယ်စွန့်ဦးတီထွင် စီးပွားရေးအကြံပေး ဦးဇင်ဖြိုးပိုင် အပြင် အခြားစွန်.ဦးတီထွင် လူငယ်များ မှ ကုမုဒြာ ဂျာနယ်ရဲ့ တွေ့မေးမြန်းချက်များကို EntrepreneurSME.com မှ စွန့်ဦးတီထွင်လူငယ်များအတွက် ပြန်လည်ဝေမျှ ပါသည်။ ခက်ခက်ခဲခဲစတင်ခဲ့ရပါတယ်။ ‘အစ်မကိုယ်တိုင်သွားပြီး မာကက်တင်းလုပ်ရတာ တစ်ဂိတ်ဝင်တစ်ဂိတ်ထွက်၊ ဂိတ်ပိုင်ရှင် တွေနဲ့ အကုန်ခင်တယ်၊ အငြင်းခံရတယ်၊မသုံးရဲတဲ့သူတွေရှိတယ်၊ Technology (နည်းပညာ) ဆိုတော့ သူတို့စိတ်ပူတဲ့အပိုင်းလေး ရှိတာပေါ့၊ ပိုက်ဆံအခက်အခဲလဲရှိတာပဲ၊ လုံးလည်ချာလည် လိုက်နေတာပဲ၊ ဒီမှာဝက်ဘ်ဆိုက်လေး လုပ်ပေးလိုက် ရတဲ့ပိုက်ဆံလေး ဒီထဲထည့် အဲဒီလိုပဲ သွားသွားနေတာ’ လို့ Forbes မဂ္ဂဇင်းက ရွေးချယ်ခံရသူ မသက်မွန်အေးက ပြောပါတယ်။ အသေးစားလုပ်ငန်း (SME) တွေနဲ့ မတူဘဲ စွန့်ဦးလုပ်ကိုင်ရတဲ့ မြန်မာရှေ့ဆောင် လူငယ်တွေဟာ လုပ်ငန်းအစက ချောချောမွေ့မွေ့ စတင်ခဲ့ကြတာတွေ မဟုတ်သလို လက်ရှိ အချိန်ထိလည်း အောင်မြင်နေတာ မဟုတ်ဘဲ  အောင်မြင်မှု လမ်းကြောင်းပေါ်မှာ ရှိနေသေး တာဖြစ်ပါတယ်။

မသက်မွန်အေးနဲ့ ကိုဇာနည်နွေးဦးတို့ဟာ အွန်လိုင်းကနေ ဘတ်စ်ကားလက်မှတ်ဝယ်လို့ရ တဲ့ ဝန်ဆောင်မှု Star Tickcts ကို အတူတကွ တည်ထောင်ခဲ့ပြီး ဝန်ထမ်းအနည်းငယ်နဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကစခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ငန်းစိတ်ကူးကို အကောင်အထည်ဖော်ခဲ့တဲ့ ကာလတွေမှာ နည်းပညာဖန်တီးတီထွင်ရာကစပြီး မာကက်တင်းဆင်းတဲ့အထိ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ခဲ့ရပါတယ်။ ကျွမ်းကျင်ဝန်ထမ်းတွေရဖို့ ၊ ကုမ္မဏီကြီးတွေနဲ့ အပြိုင်ခေါ်ဖို့၊ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုတွေ စတဲ့အခက်အခဲအမျိုးမျိုးကို လူငယ်နှစ်ယောက်ဦးစီးပြီး ကိုယ်တိုင်ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

‘မြန်မာနိုင်ငံက နည်းပညာနဲ့က အကျွမ်းတဝင်မဖြစ်တာက အဓိကကျတဲ့ စိန်ခေါ်မှုတစ်ခု ပေါ့နော်၊ ကျွန်တော်တို့ဆီမှာ  အင်တာနက်က  အစောကြီးကတည်းက ရှိပါတယ်၊ ဖေ့စ်ဘုတ်ခ် တို့၊ ဗိုက်ဘာတို့လောက်ပဲ အသုံးပြုကြတာလေ၊ ဒီလိုနည်းပညာကို အခြေခံပြီး အရောင်းအဝယ်ပြု လုပ်လို့ရတဲ့ အသိကိုစပြီး မိတ်ဆက်ခဲ့ရတာပေါ့၊ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို တစ်ယောက်ချင်း လိုက်ပြရတာ အချိန်လဲကုန်တယ်၊ လူလဲပင်ပန်းတယ်’ လို့ ကိုဝေဖြိုးကျော်က ပြောပါတယ်။ ပြိုင်ဘက်တွေက   အားကောင်းကောင်း ခဲ့ပါတယ်။

Star Tickets လုပ်ငန်းနည်းတူ လူငယ်တွေ ဦးဆောင်ခဲ့တဲ့ သတင်းအချက်အလက် ပေး မိုဘိုင်းလ်အပလီကေးရှင်း Bendez၊ အွန်လိုင်းက ကားအရောင်းအဝယ်လုပ်တဲ့ ဝက်ဘ်ဆိုက် Cars DB စတဲ့ စွန့်ဦးလုပ်ငန်းငယ်တွေဟာလည်း စိတ်ကူးကိုလက်တွေ့ အကောင်အထည်ဖော်ခဲ့ တဲ့ မတူညီတဲ့ စိန်ခေါ်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

ကိုဝေဖြိုးကျော်က ‘ကုမ္မဏီကြီးတွေနဲ့အတူတူ ပြိုင်ပြီးတော့ လစာတွေပေးပြီးတော့ မခေါ်နိုင်တာတို့၊ ဒီလိုမျိုးကုမ္မဏီသေးသေးလေးမှာ  စိတ်တူကိုယ်တူဝင်လုပ်နိုင်မယ့် လူမျိုးကိုရှာ ရတာပေါ့’ လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်လာပြီးတဲ့နောက်ပိုင်း အင်အားကြီးနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ဝင်ရောက်လာပါတယ်။

စွန့်ဦးတီထွင်လူငယ်တွေအတွက် တိကျတဲ့မူဝါဒ၊ အထောက်အပံ့ဖြစ်စေမယ့် ကူညီဖေးမမှုတွေ မရှိသေးတာက လူငယ်တွေအတွက် အတော်ကို ရုန်းကန်ရတဲ့ အခြေအနေမှာရှိပါသေးတယ်။ လက်ရှိအခြေအနေမှာတော့ သက်ဆိုင်ရာနယ်ပယ် အလိုက် နိုင်ငံခြားလုပ်ငန်းကြီးတွေနဲ့  ယှဉ်ပြိုင်နေရဆဲပါ။ မိုဘိုင်းလ်အပလီကေးရှင်းအခြေပြု သတင်းတွေကို စုစည်းနေတဲ့ Bindez လုပ်ငန်းဆိုရင် လည်း ပြည်တွင်းမှာ  အပြိုင်အဆိုင်ပေါ်လာတဲ့ ဆိုရှယ်အပလီကေးရှင်းတွေ၊ ဖေ့စ်ဘုတ်ခ်တို့လို ကုမ္မဏီကြီးတွေရဲ့ အပလီကေးရှင်းတွေ နဲ့ယှဉ်ပြိုင်ရသလို ဖြစ်နေပါတယ်။

‘တိုက်ရိုက်ပြိုင်ရတာမျိုးတော့မရှိဘူး၊ indirect တွေ  အများကြီးရှိတယ်၊ အကြီးဆုံးက ဖေ့စ်ဘုတ်ခ်ပေါ့၊ ပြိုင်ဘက်ဆိုတာမျိုးထက် အစ်ကိုတို့အတွက် barrier အခက်အခဲတွေ အနေနဲ့ပေါ့၊  ဖေ့စ်ဘုတ်ခ်ရဲ့ ကြီးထွားလာမှုက အစ်ကိုတို့နည်းပညာ product တွေကို effect ဖြစ်တယ်၊  ဒါကလဲ  မြန်မာနိုင်ငံမှ မဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံးပါ’ လို့ ကိုရဲဝင့်ကိုက ပြောပါ တယ်။လုပ်ငန်းလုပ်ကိုင်ချင်တဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတွေ ဖန်တီးမှုတွေက မြန်မာနိုင်ငံမှာ အရင်ကထက် ပိုမိုပွင့်လင်းလာပြီဖြစ်ပေမဲ့ နိုင်ငံတကာနဲ့ ယဉ်ရင်တော့ လိုအပ်နေဆဲဖြစ်တယ်လို့ လူငယ်လုပ်ငန်းရှင်တွေ အတော်များများက သုံးသပ်ပြောဆိုနေ ကြပါတယ်။ Bindez တည်ထောင်သူ ကိုရဲဝင့်ကိုက ‘ဒီလိုမျိုးအစိုးရအနေနဲ့ ပါဝင်ဖြည့်စွက်ပါဝင်ဖို့တွေ၊ မြန်မာနိုင်ငံမှာ အများကြီးပါ၊ ဒီလို SME တွေ တိုးတက်မှ အစ်ကိုတို့ တိုင်းပြည်လဲ နာလန်ထူမှာ၊ ဒီလို ကော်ပိုရိတ်ကြီးတွေကို တိုးတက်ကောင်းမွန်နေလဲ အောက်ခြေလူတန်းစားတွေအထိ လွယ်လွယ်ကူကူနဲ့ မရောက်ဘူး’ လို့ ပြောပါတယ်။

လူငယ်စွန့်ဦးတီထွင် စီးပွားရေးအကြံပေး ဦးဇင်ဖြိုးပိုင် “လူငယ်လုပ်ငန်းရှင်တွေနိုင်ငံတကာမှာဆိုရင် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာဖို့ ဘဏ်တွေက တစ်ဆင့် business plan ပေါ်မူတည်ပြီးတော့ package အလိုက် ထုတ်ပေးတာမျိုးတွေ၊ အတိုးနှုန်းသက်သာတဲ့ ချေးငွေ၊ စွန့်ဦးတီထွင်သူတွေအတွက် သီးသန့်ပျိုးထောင်ပေးတဲ့ နေရာတွေ၊ သင်ကြားမှုတွေ ရှိပါတယ်။ ‘အာဆီယံနိုင်ငံတွေမှာတောင် ရှိနေပါပြီ incubation centre ပေါ့၊ စွန့်ဦးတီထွင်သူတစ် ယောက်အတွက် အကြံဉာဏ်လိုတယ်၊ ဈေးကွက်နဲ့က ပတ်သတ်တဲ့ အချက်အလက်လို တယ်ဆိုရင် ဒီ incubation centre ကို သွားလိုက်တာနဲ့ အချက်အလက် အကုန်ရတယ်’ Future Myanmar က ဦးဇင်ဖြိုးပိုင်က ပြောပါတယ်။” ထိုးဖောက်နိုင်မယ့်  အလားအလာအာရှအထိ ထိုးဖောက်နိုင်တဲ့ မြန်မာလုပ်ငန်းတွေက လက်ချိုးရေတွက်နိုင်တဲ့အထိ နည်းပါးနေဆဲပါ။

လက်ရှိအာဆီယံစီးပွားရေး အသိုက်အဝန်း (Asean Economic Community)၊ နိုင်ငံရေးမူ ဝါဒတွေက လုပ်ငန်းငယ်တွေ ပေါ်ထွက်လာဖို့ အလားအလာကောင်း နေပြီး ဈေးကွက်ချိတ်ဆက်မှုတွေ၊ နည်းပညာအသုံးချမှုတွေနဲ့ အစိုးရပိုင်းက ပံ့ပိုးကူညီမှုတွေနဲ့ဆိုရင် မြန်မာလူငယ်လုပ်ငန်းရှင်တွေအတွက် အားကောင်းနိုင်မယ်လို့ ဦးဇင်ဖြိုးပိုင်က သုံးသပ်ပါတယ်။သူက’စွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်းက ဦးဝေဖြိုးတို့ဆိုရင် အာရှကိုထိုးဖောက်နေပြီး လက်ရှိ  အခြေအနေမှာလဲ ယမ်ယမ်ခေါက်ဆွဲတို့ပေါ့၊ သူ့လုပ်ငန်းစံစနစ်နဲ့ ဆိုင်တယ်၊ ဈေးကွက်မှာ standard အခိုင်အမာရတယ်၊ စနစ်အခိုင်အမာရှိတဲ့  လုပ်ငန်းမျိုးတွေက အာရှ ကို ထိုးဖောက်နိုင်မယ်’ လို့ ပြောပါတယ်။ ကိုသက်ဖြိုး KUMUDRA Journal မြန်မာ့ပထမဆုံးသော စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှု ၀ဘ်ဆိုဒ်

-------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်

www.entrepreneursme.com (www.esmemm.com)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။



ESME Logo