ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်ပြောတဲ့ ဈေးကွက် စီးပွားရေးစနစ်ဟူသည်

ဆရာကြီး  ဒေါက်တာ အောင်ထွန်းသက်ပြောတဲ့  ဈေးကွက် စီးပွားရေးစနစ်ဟူသည်
Share this Post:

ဆရာကြီး ဒေါက်တာအောင်ထွန်းသက်ပြောတဲ့ ဈေးကွက်စီးပွားရေးစနစ်ဟူသည် ……

  မြန်နိုင်ငံမှာ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးအကောင်ထည် ဖော်လျက်ရှိတာကို လူတိုင်းသိကြပါသည်။ စီးပွားရေးပြုပြင်ပြောင်းလဲ မှုတွေ ဆောင်ရွက်နေတဲ့နေရာမှာ ဈေးကွက်စီးပွားရေးစနစ် ရှင်သန်အောင်ဆောင်ရွက်ဖို့ လိုအပ်တာကို အသိအမှတ်ပြုပါတယ်။   ဈေးကွက်စီးပွားရေးစနစ်ကို ပီပီပြင်ပြင်ဖြစ်နိုင်ဖို့ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် (Level playing field) ဖြစ်ဖို့ လိုအပ်တာကို လမ်းညွှန်ခဲ့ပါတယ်။ မြေညီကွင်းလို့ ကျွန်တော်သဘောပေါက်မိပါတယ်။ စီးပွားရေးလုပ်တဲ့နေရာမှာ မျက်နှာလိုက်တာမရှိခြင်း၊ သူ့လူ ကိုယ့်လူခွဲခြားခြင်းဆိုတဲ့ အနှစ်သာရကို ရည်ညွန်းခြင်းဖြစ်တယ်။ မြေညီကွင်းမဖြစ်ရင် ယှဉ်ပြိုင်မှုဟာ မမျှတတဲ့ယှဉ်ပြိုင်မှု၊ မတရားတဲ့ ယှဉ်ပြိုင်မှုဖြစ်နိုင်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အခြေခံတစ်ခုက (Competition) ယှဉ်ပြိုင်မှုပဲဖြစ်တယ်။ ယှဉ်ပြိုင်မှုကို လက်ခံနိုင်မှ   ဈေးကွက်ဟာ ပီပီပြင်ပြင်ဖြစ်မှာ။

ကျွန်တော်သတိထားမိတာတစ်ခုက အခုမြန်မာ့စီးပွားရေးလောက မှာ ယှဉ်ပြိုင်မှုကို   ကြောက်ရွံ့   နေကြတယ်။ ယှဉ်ပြိုင်ရင်ရှူံးမှာ ကြောက်ကြတာကို နားလည်သဘောပေါက်ပါတယ်။ ဥပမာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ မြန်မာပြည်ကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားတဲ့အခါ သူတို့ငွေချေးရင်ချေးပေးရတဲ့ အတိုးနှုန်းက မြန်မာပြည်က အတိုးနှုန်း နဲ့ ယှဉ်ရင်အတော် နည်းတယ်။ အတိုနှုန်းကွားခြားနေတာမို့ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် တပန်းရှူံးနေတယ်။ အခုလိုအခြေအနေမျိုးမှာ အတိုးနှုန်း ကိုပြင်တာမျိုးကိုချည်း မစဉ်းစားပဲ နိုင်ငံခြားကုမ္ပဏီတွေကိုယှဉ်နိုင်မယ့် အတိုးနှုန်းကို ရယူဖို့ စီစဉ်စဉ်းစားရမှာဖြစ်တယ်။ ယှဉ်ပြိုင်မှုရဲ့ ဆန့်ကျင်ဘက်က လက်ဝါးကြီးအုပ်စနစ် (Monopoly) ဖြစ်တယ်။

ပစ္စည်းသို့မဟုတ်ဝန်ဆောင်မှုကို လုပ်ငန်းတစ်ခုတည်းကသာ   ရောင်းချခွင့်ရှိရင်သူကြိုက်တဲ့ဈေးနှုန်းသတ်မှတ်နိုင်တာ မို့ စားသုံးသူနစ်နာမှာဖြစ်တယ်။ တစ်ဦးတစ်ယောက်တည်းက ဗိုလ်ကျတဲ့ အခြေအနေမဖြစ်အောင် ပြိုင်ဆိုင်မှုကို အားပေးရမယ်။ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်မှုများလေလေ၊ စိးပွားရေးအရ တိုးတက်မှုရှိလေလေ   ဖြစ်ပါတယ်။ ဈေးကွက်ရဲ့အဓိကဆောင်ရွက်မှုက ဈေးနှုန်းကို သတ်မှတ်ပေးခြင်းဖြစ်ပါတယ်။ အခုလိုသတ်မှတ်ပေးတဲ့ နေရာမှာလည်း ဘယ်သူဘယ်ဝါက ၀င်ရောက်စွက်ဖက်တာမျိုးမဟုတ်ပဲ စီးပွားရေးပညာရှင်းကြီး Adam Smith ပြောသလို မမြင်ရတဲ့လက်များ (Invisible Hand) က သတ်မှတ်တာပဲဖြစ်တယ်။

မမြင်ရတဲ့လက်များလို့ ပြောတဲ့ နေရာမှာအကယ်တော့ ၀ယ်လိုအား (demand) နဲ့ (Supply) တို့နှစ်ခု လွန်ဆွဲမှုရဲ့ရလဒ်ပဲဖြစ်ပါတယ်။ ၀ယ်ချင်သူတွေကများပြီး ရောင်းတဲ့သူနည်းနေရင်ဈေးတက်မှာပဲ။ ဒီလိုပဲ ရောင်းချင်သူမျာပြီး ၀ယ်ချင်သူနည်းနေရင်လည်း ဈေးကျမှာပဲ။ ဒါကြောင့် မကြာခဏ ကျွန်တော့်ကို စာနယ်ဇင်းက သတင်းထောက်တွေက ဆရာကြီး ဘာကြောင့် ရန်ကုန်မြို့က မြေဈေး၊ အိမ်ဈေးတွေ တက်နေရတာလဲ။ ဘာကြောင့် ဟိုတယ်အခန်ခတွေများနေရတာလဲ။ ဒီကစ္စက ဘာမှခက်ခဲ့တဲ့ အရာမှ မဟုတ်တာ။ အခြေခံဈေးကွက် နိယာမသဘောသာဖြစ်တယ်။ မြေဈေး၊ ခြံဈေးအဆမတန်ကြီးနေတာက ၀ယ်ချင်သူတွေများပြီး ရောင်းဖို့မြေတွေ၊ ခြံတွေ နည်းနေလို့ဖြစ်ပါတယ်။

ဈေးကွက်စီးပွားရေးစနစ်ကို အပြည့်အ၀အသုံးချတဲ့ နိုင်ငံတွေမှာ မှောင်ခိုဆိုတာ မရှိပါဘူး။ မှောင်ခိုဖြစ်ရတဲ့ အကြောင်းက ရှင်းပါတယ်။ တာဝန်ရှိသူတွေက ဈေးကွက်ကို မယုံကြည်ပဲ ၀င်ပြီးစွက်ဖက်ခဲ့ရင် အလိုလိုပေါ်လာမှာသာဖြစ်တယ်။

  ဈေးနှုန်းဟာ ရောင်းလိုအားနဲ့ ၀ယ်လိုအားတို့ရဲ့သဘောကို လက်မခံရင် လိုအပ်တဲ့အဖြေကိုရနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ   ဈေးနှုန်းကို လွှမ်းမိုးလိုတဲ့အတွက် ဈေးကွက်ကို ကိုက်တွယ်ခြယ်လှယ်ချင်တဲ့ စိတ်ကစွဲနေပါတယ်။ အခုလိုဝင်စွက်နေတဲ့ အလေ့အကျင့်ကို သတိထားပြီးရှောင်ဖို့လိုပါတယ်။ တချိန်တုန်းက ဓါတ်ဆီဈေးတွေကို သတ်မှတ်ခဲ့တာမို့ မှောင်ခိုဈေးကွက်တွေ ပေါ်လာခဲ့တယ်။ ဓါတ်ဆီဈေး ကို ဈေးကွက်အရ သတ်မှတ်ခွင့်ပြုလိုက်တဲ့နောက်ပိုင်း မှောင်ခိုဈေးကွက်ဟာ အလိုလိုလျေားကျသွားတာ လူတိုင်းအသိပဲဖြစ်ပါတယ်။   ဈေးကွက်စီးပွားရေးစနစ်ကို အပြည့်အ၀အသုံးချတဲ့ နိုင်ငံတွေမှာ မှောင်ခိုဆိုတာ မရှိပါဘူး။ မှောင်ခိုဖြစ်ရတဲ့ အကြောင်းက ရှင်းပါတယ်။

တာဝန်ရှိသူတွေက ဈေးကွက်ကို မယုံကြည်ပဲ ၀င်ပြီးစွက်ဖက်ခဲ့ရင် အလိုလိုပေါ်လာမှာသာဖြစ်တယ်။ ဈေးနှုန်းအတက်အကျကို လွှမ်းမိုး ချုပ်ကိုင်လိုက်ရင် တိုက်ရိုက်ဈေးနှုန်းသတ်မှတ်မှု (Price Control) မလုပ်ပဲ ဈေးကွက်ယန္တရားကို အသုံးပြုပြီး ၀ယ်လိုအားနဲ့ရောင်းလိုအား တို့ကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားရမှာသာဖြစ်ပါတယ်။ တစ်နည်းပြောရရင် ပိုပြီးရောင်းချင်လာအောင်၊ ပိုပြီးပေးချင်လာအောင် မက်လုံးတွေ   ပေးရမှာဖြစ်ပါတယ်။ မက်လုံးတွေနဲ့လူတွေကို ဈေးကွက်ကတစ်ဆင့် ဆွဲဆောင်ရမှာသာဖြစ်ပါတယ်။   ဈေးကွက်စီးပွားရေးစနစ် လို့ပြောတဲ့နေရာမှာ အမှန်တော့နိုင်ငံရေး ဘောဂဗေဒရှူထောင့်ကကြည့်ရင် အရင်းရှင်စနစ်သာဖြစ်ပါတယ်။ ကျွန်တော်သတိပြုမိတဲ့ အချက်တစ်ခုက အရင်းရှင်စီးပွားရေးစနစ် Capitalism ဆိုတဲ့အသုံးအနှုန်းကို မသုံးကြတာတွေ့ရတယ်။ အရင်းရှင်စနစ်လို့ ပြောရမှာ စိုးရွံ့နေတဲ့ သဘောဆောင်နေတယ် ဒီလိုဖြစ်တာလည်း အတိတ်ကအရိပ် ကြောင့်ဖြစ်တာ တွေ့ရတယ်။

-------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်

www.entrepreneursme.com (www.esmemm.com)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။

 

 



ESME Logo