Entrepreneurs @ Investment - စွန့်ဦးတီထွင်မှုနှင့် ရင်းနှီးမြုပ်နှံမှု

Entrepreneurs @ Investment - စွန့်ဦးတီထွင်မှုနှင့် ရင်းနှီးမြုပ်နှံမှု
Share this Post:

စွန့်ဦးတီထွင် လုပ်ငန်းဖြင့် လုပ်ငန်းစတင်လိုသူများသည်လုပ်ငန်းကို စတင်ချိန်တွင် ပြင်ပမှ အရင်းအနှီးများ လိုအပ်လေ့ရှိသည်။ ထိုအခါ လုပ်ငန်းစတင်ချိန် ကုန်ကျစားရိတ်များကို ကာ မိစေရန် ရင်းနှီးမြုပ်နှံမှုများ ကို ပြင်ပမှ ဖိတ်ခေါ်ရလေ့ရှိသည်။ ထိုသို့ဖိတ်ခေါ်ရာတွင် ရင်းနှီးမြုပ်နှံမှု ပုံစံအမျိုးမျိုးနှင့် ကြုံတွေ့ရနိုင်သည် ထိုသို့ ကြုံတွေ့ရသောအခါ အခက်အခဲနှင့် ကြုံတွေ့ရနိုင်ပါသည်။

အဘယ်ကြောင့်ဆိုသေိာ ရင်းနှီးမြုပ်နှံမှုပုံစံ များသည် ပုံမှန် အားဖြင့် ရှုပ်ထွေးလေ့ရှိပြီး တစ်ခုချင်းစီတွင် အားနည်းချက် အားသာချက်များ ကိုယ်စီရှိသောကြောင့် ဖြစ်သည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အနေ နှင့် မိမိတို့ လုပ်ငန်း အခြေအနေများ လနှင့် ကိုက်ညီသော ရင်းနှီးမြုပ်နှံမှု ပုံစံ များ နှင့်သာ ပြင်ပ ရင်းနှီးမြုပ်နှံမှု ကို ရှာဖွေရန်လိုသည်။အောက်ပါ အချက်အလက်များ သည် ခုမှစတင်ကာ အရင်းအနှီး ရှာဖွေမည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အလွန်အသုံးဝင်မည်ဟု ယူဆ၍ အရင်းအနှီး ထည့်ဝင်ခြင်းပုံစံ အမျိုးမျိုးအကြောင်းကို တင်ပြလိုက်ရပါသည်။

(1) Bootstrap (ကိုယ်ပိုင်ငွေကြေးဖြင့် ရင်းနှီးမြုပ်နှံခြင်း)

ဤအမျိုးအစားသည် ပြင်ပမှ ရင်းနှီးမြုပ်နှံမှု ကို မရှာပဲ မိမိ၏ ကိုယ်ပိုင် ရင်းနှီးငွေနှင့်လုပ်ငန်းကို စတင်ခြင်းဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်ရင်းနှီးငွေနှင့်စတင်သော ကြောင့်လုပ်ငန်းအပေါ်တွင် တစ်ခြားသူများ အထူးသဖြင့် ငွေကြေးရင်းနှီးသူများ ၏ ၀င်ရောက်စွက်ဖက်မှု မရှိနိုင်တော့ချေ။ ထို့ အပြင် အမြတ်ကို လည်း ခွဲဝေ မပေးရသဖြင့် မိမိ အတွက်ရရှိမည့်အမြတ်ရာခိုင်နှုန်းပိုများသည်ဟုဆိုနိုင်သည်။ သို့ရာတွင် ကိုယ်ပိုင် ငွေကို ရင်းနှီးရသောကြောင့် လုပ်ငန်းချဲ့ထွင်ရာတွင် အကန့် အသတ်ရှိခြင်းနှင့် ရေရှည်တွင်ယှဉ်ပြိုင်နိုင်စွမ်းအားကျဆင်းခြင်း ဟူသော ဆိုးကျိုးများကို ရင်ဆိုင် ရနိုင်သည်။

(2) Equity Funding (ရင်းနှီးမြုပ်နှံသူများနှင့် ပေါင်းစပ်ခြင်း)

ဤ အမျိုးအစားသည် ပြင်ပမှ ရင်းနှီးမြုပ်နှံမှုကို ရယူပြီး အပြန်အလှန် အနေနှင့် မိမိကုပ္ပဏီ၏ ရှယ်ယာတစ်ချို့တစ်ဝက်ကို ပြန်လည်ပေးအပ်ခြင်းဖြစ်သည်။ဤ အမျိုးအစားတွင် နည်းကွဲပေါင်းများစွာရှိုပြီး အဓိက အားဖြင့် ငွေကြေးမည်မျှ ကို အရင်းအနှီးအဖြစ်လက်ခံလျှင် မိမိကုပ္ပဏီ၏ ရှယ်ယာ % မည်မျှကို ပြန်လည်ပေးအပ်မည်ဟူသော သဘောတူညီချက်များတွင် အခြေခံသည်။

ထိုသိုသဘောတူညီချက်များကို Equity Rounds ဟုခေါ်ပြီး အဓိက အားဖြင့် Rounds များကို ဤသို့ (4 ) မျိုးခွဲခြားထားသည်။ Seed Round ဤ Round သည် လုပ်ငန်းစတင်ရန်အတွက်လိုအပ်သော အရင်းအနှီး ပမာဏ အနည်းငယ် အတွက် မတည်ရန် အတွက် ရင်းနှီးမြုပ်နှံမှု ကိုရယူခြင်းဖြစ်သည်။ Seed Round အတွက် အရင်းအနှီး ထည့်ဝင်မှု ကို ရှာဖွေသော လုပ်ငန်းများသည် အများအားဖြင့် လုပ်ငန်းမစတင်ရသေးပဲ စတင်ရန် စိတ်ကူးစိတ်သန်း သာ ရှိသေး ပြီး လုပ်ငန်းစတင်ချိန်တွင် လုပ်ငန်းမှဝင်ငွေမရရှိခင် စပ်ကြား လိုအပ် သော အနည်းငယ်သော ငွေကြေးအတွက် ရင်းနှီးမြုပ်ရှာဖွေသော လုပ်ငန်းများဖြစ်ကြသည်။ Seed Round တွင်ထည့်ဝင်သော ငွေကြေးများသည်နောင်ထပ်မံထည့်ဝင်မည့် investor များ ကိုဆွဲဆောင်ရန်အတွက် အသုံးဝင်သည်။ အဘယ်ကြောင့်ဆိုသော် Seed Round တွင်တောင်းခံသော ငွေကြေးသည် ပမာဏနည်းပါးသော်လည်း Investor အတွက် စွန့်စားရမှုကြီးမားသောကြောင့် ဖြစ်သည် ။

ထို့ကြောင့် Seed Round တွင် အရင်းအနှီးထည့်ဝင်မှု ရရှိထားပါက လုပ်ငန်းအပေါ် ရင်းနှီးမြုပ်နှံသူများ ဘက်မှ သေချာစစ်ဆေးပြီး   ကြောင်းသိသာစေသည်။ Seed Round တွင်ရင်းနှီးမြုပ်နှံသူများမှာ ပုံမှန်အားဖြင့် ရင်းနှီးမြုပ်နှံမှု ပမာဏသေးငယ်သော Angel Investor များဖြစ်လေ့ရှိသည်။ ထို့အပြင် Seed Round အတွက် ငွေကြေးကို မိသားစုဝင်များနှင့် သူငယ်ချင်းများထံမှလည်း ထည့်ဝင်ငွေရှရိလေ့ ရှိသည်။သို့သော် ထိုသို့ ရယုမည်ဆိုပါက လုပ်ငန်းအကြောင်းကို သေချာစွာရှင်းပြထားရန်လိုအပ်သည်။

အထူးသဖြင့် လုပ်ငန်းဆုံးရှုံူး မှုနှင့်ရင်ဆိုင်ရပါက မည်သို့ဆုံးရှုံးမည်။ မည်မျှဆုံးရှုံးမည်ကို သေချာစွာရှင်းပြထားရန်လိုအပ်သည်။ ရင်းနှီးမြုပ်နှံမှုပမာဏသေးငယ်သော Angel Investor များထံမှလဲ Seed Round အတွက် ရင်းနှီးငွေရရှိနိုင် ပြီး ဤရွေးချယ်မှု သည် Venture Capital များ ၏ လုပ်ငန်းအပေါ် ချုပ်ချယ် မှုများ ကို ရှောင်ရှားလိုသော Entrepreneur များအတွက် အကောင်းမွန်ဆုံးရွေးချယ်မှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Angel Investor များကှိ ရင်းနှီးထည့်ဝင်ငွေအတွက်ပေးရသော Equity Ratio သည် venture capitalists များ သို့ ပေးရသော ရာခိုငိနှုန်းထက်နည်းပါးလေ့ရှိကာ သူတို့သည် Equity Ratio ထက် လုပ်ငန်းမှရရှိသော ၀င်ငွေကို ပိုမိုစိတ်ဝင်စားတတ်ကြသည်။

Angel Investor များ၏ ဆိုးကျိုးများမှာ ၎င်းတို့သည် Venture Capital များ ကဲ့သို့ ငွေကြေးအင်အား မတောင့်တင်းသောကြောင့် ၎င်းတို့ ၏ ထည့်ဝင်ငွေသည် တခြား Investor များထက် နည်းပါးသောကြောင့် လိုအပ်သောအရင်းအနှီး ငွေကြေးများပြားသော လုပ်ငန်းများ (အထူးသဖြင့် နည်းပညာလုပ်ငန်းများ) အနေနှင့် လိုအပ်သောရင်းနှီးငွေရရှိစေရန် အတွက် Angel Investor တစ်ယောက်ထက်ပို ဖိတ်ခေါ်ရစေသော ဖြစ်ရပ်သို့ဦးတည် သွားစေနိုင်သည်။

စာရေးသူ - Myo Mya Swe Tun (Writer) ၏ စွန့်ဦးတီထွင်လုပ်ငန်းများအတွက် အကြံပြုဖော်ပြချက်များအား အယ်ဒီတာချုပ်မှ ပြန်လည်မျှဝေဖော်ပြပေးလျှက်။

-------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်

www.entrepreneursme.com (www.esmemm.com)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။



ESME Logo