Marketing Plan - ဈေးကွက်မဟာဗျူဟာ ရေးဆွဲခြင်း)

Marketing Plan - ဈေးကွက်မဟာဗျူဟာ ရေးဆွဲခြင်း)
Share this Post:

Marketing Plan တစ်ခု ရေးတော့မယ်ဆိုရင် လေ့လာမိသလောက်

1) Executive Summary (အကျဉ်းချုပ်)

2) Situational Analysis (သုံးသပ်ချက်များ)

3) Objectives (ရည်ရွယ်ချက်)

4) Strategy (မဟာဗျူဟာ)

5) Tactics (နည်းပုံစံ)

6) Action Plan (ဆောင်ရွက်မှုအစီအစဉ်)

7) Control (ထိန်းသိမ်းပြင်ဆင်မှု) စတဲ့အချက်တွေကို ရေးဆွဲဖို့လိုပါတယ်။

အဲ့ဒီမှာ နံပါတ် 1) ကို ခဏထားခဲ့ပြီး ကျမ နံပါတ် 2) Situational Analysis ကို အရင်ဆွေးနွေးပါမယ်။

ဈေးကွက်ထဲမှာ ကိုယ်က ဘယ်နေရာရောက်နေလဲ ဆိုတာပါ ။ ကိုယ်က ဈေးကွက်ထဲမှာ ရှိပြီးသား brand လား ၊ ကိုယ့်ပစ္စည်း က ဈေးကွက်ထဲကို ခုမှ ၀င်မှာလား အခြေ အနေအားလုံးခြုံငုံ သုံးသပ်ရမယ်ပေါ့ ။

အဲ့ဒီမှာ Marketing Audit အနေနဲ့ Macro နဲ့ Micro လုပ်ပါမယ် ။ လက်ရှိ Market အနေအထားက Market ထဲမှာ ကိုယ်ရောင်းမယ့် /ထုတ်မယ့် ပစ္စည်းက ဘယ်သူတွေ ၀ယ်နေတာလဲ ။

ဘယ်က လူတွေ ၀ယ်တာလဲ ။

ဘယ်လို လူမျိုးတွေက ၀ယ်နေတာလဲ။ ပြီးတော့ Product Review ရေးရပါမယ် ။ ကိုယ့်ဆီမှာအခုလက်ရှိ Product ဘယ်နှစ်မျိုး ရှိတယ် ။ ဘယ်လိုSize တွေ ဘယ်နှစ်မျိုး ထားပြီး ဈေးနှုန်းတွေ ဘယ်လောက် ရှိတယ် ဆိုတာ ပြောရပါမယ် ။ ရောင်းအားတွေက ဘယ်နယ်မှာတော့ ဘယ်လောက်ရှိ ပြီး Product Line ထဲမှာ ဘယ် Product ကတော့ Margin ဘယ်လောက် မြတ်နေတယ် ။ ဘယ်ဟာကတော့ ရှုံးနေတယ် ဆိုတာမျိုးတွေ ရေးပါမယ်။

Competitor Analysis အနေနဲ့ ကိုယ့်ရဲ့ အဓိက ပြိုင်ဘက်က ဈေးကွက်ထဲမှာ ဘယ်နေရာရောက်နေပြီး သူတို့ ဘယ်ဗျူဟာ နဲ့ သွားနေတယ် ။

သူတို့ Product ရဲ့ အရည်အသွေးက ဘယ်လို ရှိပြီး ဈေးနှုန်းဘယ်လောက်နဲ့ ဘယ် Channel ကို ဖြန့်နေတယ် ။

Promotion ဘယ်လိုပေးနေပြီး ကြော်ငြာကတော့ ဘာတွေ လုပ်နေတယ် ဆိုတာမျိုးတွေကို တင်ပြရပါမယ်။ Distribution ကတော့ ဘယ်နယ်တွေကို ဘယ်လိုဖြန့်လဲ ။ ဘယ်Channel မှာ ဖြန့်ချိရေး က ဘယ်လိုသွားနေလဲ ။ Wholesale ၊ Retail ၊ Modern Trade စသည့်ဖြင့် ဘယ်လို ဖြန့်ထားလဲ ။ဘယ်မြို့နယ်က ဘယ် Product ကို Offer ဘယ်လောက်တက်ပြီး ဘယ်မြို့နယ်မှာတော့ ရောင်းအားဘယ်လောက်ကျနေတယ် ဆိုတာမျိုး ရေးရပါမယ် ။

အဲ့ဒီမှာ Location အလိုက် Culture အလိုက် Season အလိုက် Sale Volume က ကွာနိုင်ပါတယ်။ ပြီးရင် MkIS (Marketing Information System)ကို အခိုင်အမာ တည်ဆောက်ထားဖို့လိုပါမယ်။ အဲ့ဒီတွေ ပြီးတာနဲ့ ကျမတို့ SWOT Profile ကိုရေးပေးရပါမယ်။ SWOT မှာ ကိုယ်ကဘာတွေ အားသာချက် ရှိတယ် ၊ ဘာတွေ တော့ အားနည်းနေတယ်၊ အပြင်ကသက်ရောက်မှုတွေ အနေနဲ့ ဘယ်လိုအခွင့်အရေးတွေတော့ ဘယ်အချိန်မှာ ရှိနိုင်တယ် ၊ဘယ်လို Feature တွေကတော့ ကိုယ့်ကို ခြိမ်းခြောက်မှုတွေ ဖြစ်လာမယ့် Factors ဖြစ်လာနိုင်တယ်ဆိုတာမျိုးတွေကို ဆွေးနွေးပေးရပါမယ်။

နံပါတ် 3) Objectives ရေးပါမယ်။ Objective ဆိုတာက ကိုယ်ဘယ်ရောက်အောင်သွားချင်လဲ ဘာဖြစ်ချင်လဲ ဘယ်လောက်မြတ်ချင်လဲ အဲ့ဒီကို ဘယ်လောက်ကြာရင်ရောက်အောင်သွားမလဲ ဆိုတာကိုရေးရမှာပါ။ ဒီအကြောင်းအရာမှာ Strategic Goals, Sales Objectives, Brand Objectives, Communication Objectives တွေ ရေးပေးရပါမယ်။ အဲ့ဒီတော့ ကိုယ့် Objectives အောင်မြင်ဖို့ အတွက် လိုအပ်တဲ့ KSF Issues (Key Success Factors) တွေ ရေးပေးရပါမယ်။ ကိုယ်လိုချင်တဲ့ Objectives ကိုရေးတဲ့နေရာမှာ SMART ( Specific, Measurable, Achievable, Realistic, Timed ) ဖြစ်ဖို့လိုပြီး PLC (Product Life Cycle) တို့ BCG တို့နဲ့ ပြန်ချိတ်ဖို့လိုပါမယ်။ ကိုယ့် Product က ဘယ် Stage မှာလဲ ၊ Market ကရော ဘယ်အခြေအနေလဲ၊ ပြီးတော့ PESTLE ကရော ကိုယ့်အတွက် ဘယ်လိုအချက်တွေ သက်ရောက်လာမလဲ စသည်ဖြင့် …ပြန်ချိတ်ပြီး ရေးပေးရပါမယ်။

4) Strategy အကြောင်းဆက်စဉ်းစားပါမယ်။ Strategy ဆိုတာက ကိုယ့် Objectives ဆီကို ဘယ်လို ရောက်အောင်သွားမလဲ ဆိုတဲ့ လမ်းကြောင်း ကို ဆွေးနွေးမှာပါ။ အဲ့ဒီ Strategy မှာ Segmentation, Targeting, Positioning, Differentiation ဆိုတဲ့ အကြောင်းအရာတွေရေးပါမယ်။ Segmentation မှာ နယ်မြေ ဒေသအလိုက် ၊ကျား/မအလိုက်၊ အသက်/အရွယ်အလိုက်၊ ၀င်ငွေ အတန်းအစားအလိုက်၊ စိတ်ပိုင်းဆိုင်ရာခံစားမှု တွေ အလိုက်၊ နေထိုင် ပြုမူမှု အဆင့်အတန်းတွေ အလိုက် အုပ်စု အဖွဲတွေ ခွဲခြားပေးရပါမယ်။ အဲ့ဒီက ထွက်လာတဲ့ Results ကို Production, Distribution နဲ့ ပြန်ချိတ်၊ ကုန်ပစ္စည်း အရေအတွက်ဘယ်လောက်ထုတ်လုပ်ပြီး ဘယ်လိုဖြန့်မယ် ဆိုတာ Logistics & Supply Chain Process ပါ တစ်ခါတည်း ထည့်တွက်ဖို့ လိုပါမယ်။

အဓိကကတော့ Segmentation ဆိုတာက မားကတ်တိုင်းမှာ သူ့ အစိတ်အပိုင်းလေးတွေနဲ့သူ ရှိပြီးသားပါ။ အဲ့ဒါကို ကိုယ်ရောင်းမယ့် ကုန်ပစ္စည်းအလိုက် အစုအဖွဲလေးတွေ ခွဲထုတ်ရမယ်ဆိုတာ ကို ဆိုလိုတာပါ။ Targeting မှာတော့ ကိုယ် က ဘယ်သူတွေကို ရောင်းမှာလဲ ဆိုတာ ကို သတ်မှတ်ရမှာပါ။ ရှိရှိသမျှ လူတွေ အကုန်လုံးကို ကိုယ့် Product စားသုံးသူ /၀ယ်ယူသူ ဖြစ်စေချင်လို့ မရပါဘူး ။ ကိုယ်ပစ်မယ့် မားကတ် ကို ကိုယ့် ဘာသာ ကွက်တိချိန် ပစ်တတ်ဖို့ တော့ လိုပါတယ် ။ Positioning လုပ်တော့မယ် ဆိုရင် ပြိုင်ဘက်ကုန်ပစ္စည်းတွေနဲ့ ကိုယ်ကို ကွဲပြားအောင် /ခြားနားအောင် ကိုယ့် ရဲ့ Customer စိတ်ထဲမှာ ကိုယ့်ကို ဘယ်လိုမြင်စေချင်သလဲ ဆိုတာမျိုး ကို သတ်မှတ် လုပ်ဆောင်ရမှာပါ။

ကိုယ်က မားကတ်ကို မတူညီတဲ့ / ပိုကောင်းတဲ့ / တန်ဖိုးပိုရှိတဲ့ ဘယ်လို Offer တွေ ပေးပြီး လုပ်မှာလဲ ဆိုတာမျိုး ရေးရပါမယ်။ကိုယ်တကယ်မြင်စေချင်တဲ့ ၊ ပေးနိုင်တဲ့ ဂတိမျိုး ကိုရွေးချယ်ပြီးသူများနဲ့ မတူတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ရပါမယ်။ အဲ့ဒီမှာ Over Promise တွေ Under Promise တွေ ဖြစ်လို့မရပါဘူး ။အဲ့ဒီလိုဖြစ်ခဲ့လို့ ကိုယ့် Positioning ,Differentiation ကို ထိခိုက်ရင် ကိုယ့် Brand ကိုလည်း လာရောက်ထိခိုက်မှာကိုပါ သတိထားပြီး သေချာ မှန်ကန်အောင် အကုန်လုံးနဲ့ ပြန်ချိတ်ပြီး နည်းဗျူဟာ ချမှတ်ပြီး ရေးရမှာပါ ။

နံပါတ် 5)Tactics ကတော့ 4 P’s /7 P’s / 8 P’s တွေပါ အဲ့ဒါတွေ ကို Strategy မှာ အကုန်ပြန်ချိတ်ရပါမယ် ။ ကိုယ်ထုတ်မယ့် / ရောင်းမယ့် ပစ္စည်းက ဘာပစ္စည်းလဲ ? ဘယ်ဈေးနဲ့ရောင်းမှာ လဲ ? ဘယ်နေရာတွေကိုရောင်းမှာလဲ? ဘယ်လို Promotion တွေ ပေးမလဲ ? ဘယ်သူတွေကို ရောင်းမှာလဲ ? ဘယ်လို နေရာ /ပုံစံ / အပြင်အဆင် / ထုတ်ပိုးမှု /၀န်ဆောင်မှုနဲ့လဲ? ဘယ်လောက် Processes ကအချိန်ယူမှာလဲ ? မြန်မှာလား ? ကြာမှာလား? အဲ့ဒါတွေ အကုန်လုံးကို ဘယ်လို လုပ်ထားလဲ ဆိုတာမျိုးတွေကိုပါ အကုန်ထည့်ရေးပေးရပါမယ် ။

အဲ့ဒီမှာ အရံ အနေနဲ့ ကျမတို့ Emergency Plan ရှိဖို့လည်းလိုအပ်ပါတယ် ။ အဲ့ဒီလို Strategy ကိုရေးပြီး ဆုံးဖြတ်ပြီးရင်တော့ Budgets နဲ့ Schedules ကို ထည့်ဆွဲဖို့ပါ လုပ်ရမှာပါ ။ ဒီPlan ဟာရေရှည်လား ရေတိုလား ။ ရာသီချိန်ပဲလား ဆိုတာမျိုး အပေါ်မူတည်ပြီး ဘယ်လောက် အရင်းအနှီးထည့်မှာလဲ၊ဘယ်တော့ အရင်းကြေမှာလဲ ၊ ဘယ်တော့ စမြတ်မှာလဲ ၊ ဒီplan အတွင်းမှာ ဘယ်လောက်ထိ မြတ်နိုင်လဲ ဆိုတာမျိုး ကိုယ့် Product Nature အလိုက် ROI ကို ချိန်ပြီး Break- Even Analysis ကို ပါတွက်ချက်ပြီး ( PLC ပါ ပြန်ချိတ်ရန်) ထည့်ရေးပေးလိုက်ရမှာပါ ။

နံပါတ် 6) အနေနဲ့ Action Plan လုပ်ရမှာပါ ။ ကျမ တို့ ဘယ်လောက် Plan ထားထား ၊ တကယ်လုပ်ဖြစ်မှ လုပ်ဖြစ်တာပါ ။ Plan တာက လွယ်ပါတယ် လုပ်ဖြစ်ဖို့ က ခက်တော့ အဲ့ဒီလို လုပ်ဖြစ်ဖို့ အတွက် Dead Line ရှိဖို့ လိုပါတယ် ။ ဒါဘယ်ရက်ကနေ ဘယ်ရက်အထိဆိုတာမျိုး ဘယ်နေ့ အပြီးလုပ်မှာလဲ Scope မှာ တစ်ခါတည်း ထည့်ရေး ။ ကိုယ်ဖြစ်ချင်တဲ့ ကိုယ်လုပ်မယ့် Date တွေ အကုန်ရေး ။တကယ်ဖြစ်အောင်လုပ်ဖို့ Action Plan ရှိမှကို အဆင်ပြေမှာပါ ။တကယ်တော့ Action Plan ဆိုတာ Implementation ပါပဲ ။ အကောင်အထည်ပေါ်အောင် လုပ်ရမှာဖြစ်တဲ့အတွက်ဒီအပိုင်းက တကယ့်ကို Operation အပိုင်းဖြစ်သွားပါပြီ။ အဲ့ဒီမှာ 7P’s နဲ့ ပြန်ချိတ်ပြီး အချိန်တွေ /နေ့ရက်တွေ / တာဝန်ယူမှုအပိုင်းတွေ အကုန်လုံးကို သီးခြား သေချာခွဲပြီး နေ့အလိုက် ၊ အပတ်စဉ်အလိုက် ၊ လအလိုက် သေချာစွာ လုပ်ဆောင်ရမှာပါ ။

နံပါတ် 7) Control အကြောင်းရေးရပါမယ် ။ သူကလည်းတကယ်ကို အရေးကြီးတဲ့ အစိတ်အပိုင်းပါပဲ ။ကိုယ်လုပ်လိုက်တဲ့ Strategy နဲ့ Action Plan က အကျိုးရှိရဲ့လား ၊ အောင်မြင်မှုရရဲ့လား ဆိုတဲ့ အပိုင်းတွေကို ပြန်ပြီး လေ့လာ သုံးသပ် ဆုံးဖြတ်ရမှာပါ ။ကိုယ်ရှေ့မှာ လုပ်ထားတာတွေကို ကိုယ့် Marketing Team နဲ့ရော Senior Management နဲ့ ပါ ပူးပေါင်းပြီး စဉ်ဆက်မပြတ် ပြန်သုံးသပ် ၊ ပြန်ကြည့် ၊ လွဲနေခဲ့တယ်ဆိုရင် မှန်ကန်တဲ့ လုပ်ရပ်တွေ ပြန်လုပ်ဖို့ တိုင်ပင် ၊ပြန်လုပ် ဒါမျိုးတွေ ရေးရပါမယ်။ နောက်ဆုံး နိဂုံးချူပ်ချင်တာကတော့ ကျမတို့ ဒီလို အဆင့်ဆင့် ရေးပြီးပြီ ဆိုရင်

နံပါတ် 1) မှာ ချန်ထားခဲ့တဲ့ Executive Summary ကို ပြန်ရေးပါမယ် ။ Executive Summary ဆိုတာက ကိုယ့်ရဲ့ Senior Management / Director / MD က အလုပ်များနေတဲ့ သူဆိုရင် သူအတွက် Plan တစ်ခုလုံးကို အစအဆုံးဖတ်ဖို့ အချိန်မရှိခဲ့ရင် အနှစ်ချူပ် ဖတ်ဖို့ Content Pages Number နဲ့ တကွ ရေးပေးရမှာပါ ။ သူက သူသိချင်တာတွေ လွယ်လွယ် ကူကူ အတိုချူပ် သိမယ် ၊သိချင်တာကို စာမျက်နှာ နံပါတ်ကိုကြည့်ပြီးတန်းဖတ်လို့ရမယ် ဆိုတာမျိုးလုပ်ပေးရမှာပါ ။ Plan ထဲမှာ ပါတဲ့ အရေးကြီးတဲ့ အချက်တွေကိုထုတ်ပြီး အနှစ်ချူပ်ရေးပြီး Plan File စာရွက်တွေရဲ့ ထိပ်ဆုံးမှာ ညှပ်ပြီးတင်ပေးလိုက်ဖို့ပါပဲ ။ ဒီလောက်ဆိုရင် Marketing Plan ရေးဖို့ လိုအပ်နေသူတွေ အတွက် အကြမ်းအားဖြင့် အဆင်ပြေမယ် အသုံးဝင်မယ်လို့ ယူဆပါတယ်။ နောက်ပိုင်းအချိန်ရရင်လည်း သိခဲ့သမျှ ၊ဖတ်ခဲ့သမျှ ကို Sharing လုပ်ပေးချင်ပါတယ်။ စာရေးသူ Ma Hsint Sanda ၏ ပြည့်စုံစွာဖော်ပြထားပေးသော Marketing Planning အကြောင်း EntrepreneurSME.com ၏ Chief Editor မှတဆင့် ပြန်လည်ဖော်ပြပေးလျှက်။  

-------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်

www.entrepreneursme.com (www.esmemm.com)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။



ESME Logo