Myanmar Investment Opportunities and the Potential of Youth Entrepreneur - ညီလာခံသတင်းစဉ်

Myanmar Investment Opportunities and the Potential of Youth Entrepreneur -  ညီလာခံသတင်းစဉ်
Share this Post:

ရန်ကုန်မြို့၊အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေးဌာန ၏ Function Hall တွင် ၂၀၁၅ခုနှစ် ၊ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် အီတလီ အစိုးရ အထောက်အပံ့ဖြင့် United Nation Industrial Development Organization (UNIDO) ၊စက်မှု ၀န်ကြီးဌာန၊ သမ၀ါယမ၀န်ကြီးဌာန နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လုပ်ငန်း ရှင်များအသင်းချုပ်(UMFCCI) တို့ပူးပေါင်း မြန်မာ နိုင်ငံရှိလူငယ်များ နှင့် အမျိုးသမီး များ ဦးဆောင် သည့် စီးပွာေးရးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့ ခိုင်မြဲ သည့် ရင်းနှီးမြှုပ်နှ့မှုများမြှင့်တင်ရာတွင်ကြုံတွေ့ရမည့် အခွင့် အလမ်းများ၊ အတား အဆီးများ နှင့်ပတ်သက်သောကိစ္စရပ်များကို ဆွေးနွေး နိုင်ရန် အတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ တာဝန်ရှိသူများ နှင့် ကျွမ်းကျင်ပညာရှင်(၁၂၀)ကျော်ပါဝင်သော “ High Level Conference on Myanmar Investment Opportunities and the Potential of Youth and Women Entrepreneur” ညီလာခံကိုကျင်းပခဲ့ပါသည်။

အဆိုပါညီလာခံ၏ဖွင့်ပွဲအခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးမောင်မြင့်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အီတလီသံအမတ်ကြီး H.E Pier Giorgio Aliberti ၊ ၊ UMFCCI ဥက္ကဌ ဦးဝင်းအောင် ၊မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်း(MIA) ဥက္ကဌဦးဇော်မင်းဝင်း နှင့် UNIDO Director Mr.Edward Clarence Smith တို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။ အဆိုပါ ညီလာခံတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် အဓိက အခွင့်အလမ်းများကို ဆွေးနွေးခဲ့ပြီး၊ လူငယ်နှင့်အမျိုး သမီး များကို ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေး၊ ငွေကြေး ရရှိမှုတွင် တွေ့ကြုံနေရသည့် အခက်အခဲအတားအဆီးများ ကိုလည်ကောင်း၊ ကျွမ်းကျင်မှု များဖွံ့ဖြိုး တိုးတတ်စေရေး ၊ဈေးကွက်သတင်း အချက်အလက် ရရှိရေးနှင့်ပြည်တွင်း/ပြည်ပ ကွန်ယက် အချိတ် အဆက် ရရှိရေး တို့ကိုလည်းကောင်း၊လူငယ်/လူရွယ်များ၊အမျိုးသမီးများ နှင့် အမျိုးသား စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံသစ်တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် သူများဖြစ်လာစေ ရေး တို့ကိုလည်း ကောင်း၊မိတ္ထီလာနှင့် ၀မ်းတွင်း ရှိရိုးရာ ယက်ကန်းအစုအဖွဲ့ကဲ့သို့ ပထ၀ီအနေအထားအရလုပ်ငန်းတူများစုဖွဲ့လျက် ပိုမို အားကောင် သောယှဉ်ပြိုင်နိုင်စွမ်းရှိမှုနှင့်နိုင်ငံ တကာနှင့် ဒေသ တွင်းဈေးကွက်ဝင်အရည်အသွေးများရရှိစေရန်အတွက် ဖွဲ့စည်းထား သည့်အစုအဖွဲ့ (Cluster)ပုံစံများ၏ အကျိုးရှိထိရောက်မှုများအားလည်းကောင်း၊ Cluster Model များကိုအခြေပြုလျှင် အနာဂတ်စက်မှုဇုန်များနှင့်အထူးစီးပွား ရေးဇုန်များဖွံ့ဖြိုး တိုးတတ်ရေးအတွက် Public Private Partnership သည် အရေးပါသည့်အဓိကကဏ္ဍတွင် ပါဝင်ကြောင်း စသည့်ကိစ္စရပ်များကို အစိုးရ၊ ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များမှဆွေးနွေးပြောကြားခဲ့ပါသည်။  

-------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်

www.entrepreneursme.com (www.esmemm.com)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။



ESME Logo