Myanmar Insurance - မြန်မာနိုင်ငံ အာမခံလုပ်ငန်းများအကြောင်း

Myanmar Insurance - မြန်မာနိုင်ငံ အာမခံလုပ်ငန်းများအကြောင်း
Share this Post:

အာမခံလုပ်ငန်းကဏ္ဍအတွက်ပြုပြင်ပြောင်းလဲမှုမှာ (၂၀၁၃)ခုနှစ်အတွင်း အာမခံလုပ်ငန်းကဏ္ဍတွင် ပုဂ္ဂလိကများအား ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

(၁၉၆၃)ခုနှစ်အထိ မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းများထွန်းကားခဲ့သည်။ ဆိုရှယ်လစ်အစိုးရလက်ထက် (၁၉၆၄) ခုနှစ်တွင် အာမခံ လုပ်ငန်းအားလုံးဖျက်သိမ်းပြီးနောက်ပိုင်း အာမခံလုပ်ငန်းအပေါ် ပြည်သူများ၏စိတ်ဝင်စားမှုနှင့် အာမခံထားသည့် အလေ့အထများ ဆိတ်သုဉ်းခဲ့ရသည်။ (၁၉၆၉) ခုနှစ်မှ (၁၉၇၆) ခုနှစ်အထိ အာမခံလုပ်ငန်းမှာ ပြည်သူ့ဘဏ်၏ဌာနတစ်ခုအဖြစ်သာ ရပ်တည်ခဲ့ပြီး   ပြည်သူ့ဘဏ်ဥပဒေ(၁၉၇၅)အရ လုပ်ငန်းများပြန်လည်ခွဲရာတွင် အာမခံလုပ်ငန်းအားလုံး အသစ်ဖွဲ့စည်းသည့် မြန်မာ့အာမခံ လက်အောက် ရောက်ရှိခဲ့သည်။

မြန်မာ့အာမခံသည် မြန်မာ့အာမခံဥပဒေ(၁၉၉၃)အရ အာမခံလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ (၁၉၉၆)ခုနှစ်တွင် အာမခံ လုပ်ငန်းလိုင်စင်များချပေးရန်အတွက် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေပြဌာန်းပြီး အာမခံ လုပ်ငန်းကြီးကြပ် မှုအဖွဲ့ (IBSB) ဖွဲ့စည်းခဲ့သည်။ ဘဏ္ဍာရေးကဏ္ဍပြုပြင်ပြောင်းလဲရေး၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ပုဂ္ဂလိကကုမ္ပဏီ(၁၂)ခုကို အာမခံလုပ်ငန်းလိုင်စင်များ ထုတ်ပေးခဲ့သည်။ အရင်းအနှီးအဖြစ် အသက်အာမခံတစ်ခုတည်းသာလုပ်ကိုင်ပါက ကျပ် ၆ ဘီလီယံနှင့် အခြားအာမခံလုပ်ငန်းများ အတွက် ကျပ် ၄၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ၄၆ ဘီလီယံ ထည့်ဝင်ကြရသည်။

၎င်းတို့အား အာမခံအမျိုးအစား (၆) မျိုးဖြစ်သော အသက်အာမခံ၊ မီး၊ မော်တော်ယာဉ်၊ သမာဓိ၊ ငွေပို့ငွေသယ်နှင့် ငွေသားလုံခြုံမှုအာမခံတို့ကို ခွင့်ပြုခဲ့သည်။ အထူးခရီးသွားအာမခံကို (၂၀၁၄)ခုနှစ်၊မေလတွင် ခွင့်ပြုခဲ့သည်။ ထို့အပြင် IKBZ၊ Grand Guardian၊ First National Insurance   နှင့် အောင်သစ္စာဦး အာမခံလုပ်ငန်းလေးခုအား အမေရိကန်ဒေါ်လာဖြင့် အာမခံလုပ်ငန်းလုပ်ဆောင်ရန်ခွင့်ပြုခဲ့သည်။

ဘဏ်လုပ်ငန်းများနည်းတူ အာမခံလုပ်ငန်းတွင်လည်း ပြည်ပမှကုမ္ပဏီများ၊ အထူးသဖြင့် ဂျပန်နိုင်ငံမှအာမခံကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးများဖွင့်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ရရန်စောင့်ဆိုင်းနေကြသည်။ သို့သော် မြန်မာ့အာမခံလုပ်ငန်းကဏ္ဍတွင် ကျွမ်းကျင် လုပ်သားရှားပါးမှု၊ ခေတ်မီအာမခံနည်းစနစ်များခေါင်းပါးမှု၊ အာမခံလုပ်ငန်း အပေါ် ကြီးကြပ်မှုအားနည်းချက်များက အဓိကပြဿဿနာများ ဖစ်သည်။ အာမခံလုပ်ငန်းအပေါ် ပြည်သူများ၏စိတ်ဝင်စားမှုကလည်း အဓိက အားနည်းချက်ဖြစ်နေပါသေးသည်။ မြန်မာအာမခံ ကုမ္ပဏီများ စာရင်း [table id=2 /] Ref : GIZ in Myanmar

-----------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ ၀က်ဆိုဒ် www.esme.com (Future Myanmar)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံတွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esme.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။

 



ESME Logo