တရုတ်ပြည်၏ သန်းကြွယ်သူဌေး Alibaba.com ထူထောင်အောင်မြင်ခဲ့သူ Jack Ma

တရုတ်ပြည်၏ သန်းကြွယ်သူဌေး Alibaba.com ထူထောင်အောင်မြင်ခဲ့သူ Jack Ma
Share this Post:

တရုတ်ပြည်တွင် အချမ်းသာဆုံးစာရင်းဝင် Alibaba မှ သန်းကြွယ်သူဌေး Jack Ma ၏ ကိုရီးယားလူငယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသော စကားများအား စုစည်းထားသည်။ သူ့ကိုယ်သူနဲ့ သူ့ရဲ့ လူငယ်တွေကို ပြောပါတယ်တဲ့ …

၁။ အသက် ၂၀ မပြည့်ခင်မှာ ကျောင်းသားကောင်း ဖြစ်အောင်လုပ်ပါ၊ စီးပွားရေး လုပ်ငန်းရှင် ရှင် ဖြစ်ဖို့ဆိုရင်တော့ အတွေ့အကြုံကနေ သင်ယူရပါမယ်။

၂။ အသက် ၃၀ မတိုင်ခင်မှာတော့ တစ်စုံတစ်ဦးနောက်ကိုလိုက်ပါ။ ကုမ္ပဏီအသေးလေးကို သွားပါ။ ပုံမှန်အားဖြင့်တော့ ကုမ္ပဏီကြီးတွေ ကတော့ လုပ်ငန်းစဉ်တွေကို လေ့လာဖို့အတွက် ကောင်းပါတယ်။ ဒါပေမယ့် သင်ဟာ စက်ပစ္စည်းကြီးတစ်ခုရဲ့ အစိတ်အပိုင်းလေးတစ်ခု မျှသာ ဖြစ်နေပါမယ်။ ကုမ္ပဏီအသေးလေးကို သွားရင်တော့ စိတ်ဆန္ဒပြင်းပြမှုတွေကို သင်ယူရမယ်၊ သူတို့ရဲ့ အိမ်မက်တွေကို သင်ယူ ခွင့်ရမယ်၊ တစ်ပြိုင်တည်းမှာ အလုပ်တွေအများကြီး ဘယ်လိုလုပ်လဲဆိုတာ သင်ယူရမယ်၊ အဲဒါကြောင့် အသက် ၃၀ မတိုင်ခင်မှာ ဘယ်ကုမ္ပဏီမှာ လုပ်တယ်ဆိုတာ အရေးမကြီးပါဘူး၊ ဘယ်ဘော့စ်နောက်ကိုလိုက်လဲဆိုတာပဲ အရေးကြီးပါတယ်။   ကောင်းတဲ့ခေါင်းဆောင်တွေဟာ သူများနဲ့မတူတာတွေ သင့်ကို သင်ပေးပါလိမ့်မယ်။

၃။ အသက် ၃၀ နဲ့ ၄၀ ကြားမှာတော့ သင့်အတွက်သင် အလုပ်လုပ်ဖို့ စတင်စဉ်းစားပါ၊ သင်သာအောင်မြင်တဲ့ လုပ်ငန်းရှင်ဖြစ်ချင်တယ်ဆိုရင်ပေါ့၊

၎။ အသက် ၄၀ နဲ့ ၅၀ ကြားမှာ သင်ကောင်းကောင်းလုပ်နိုင်တဲ့ နယ်ပယ်မှာပဲလုပ်ပါ၊ အခြားနေရာတွေကို ဟိုခုန် ဒီခုန် မလုပ်နဲ့တော့၊ သင်ဟာ အောင်မြင်ရင်အောင်မြင်မယ်၊ ဒါပေမယ့် ကျဆုံးဖို့ အခွင့်အလမ်းက အရမ်းများတယ်၊ ဒါကြောင့် အသက် ၄၀ နဲ့ ၅၀ ကြားမှာ သင်ကျွမ်းကျင်တဲ့အရာတွေကို ဘယ်လို အာရုံစူးစိုက်ပြီး အောင်မြင်အောင်လုပ်မလဲ စဉ်းစားပါ။

၅။ အသက် ၅၀ နဲ့ ၆၀ ကြားမှာ လူငယ်တွေ အတွက် အလုပ်လုပ်ပါ၊ ဘာလို့လဲဆိုတော့ လူငယ်တွေက သင့်ထက်ပိုလုပ်နိုင်ပါတယ်၊ သူတို့ကို အားထားပါ၊ သူတို့မှာ ရင်းနှီးမြှုပ်နှံပါ၊ သူတို့ကို အတွေ့အကြုံတွေ ဝေမျှပေးပါ။ ၆။ အသက် ၆၀ ကျော်ရင်တော့ ကိုယ့်အတွက်ကိုယ် အချိန်ယူပါတော့၊ ကမ်းခြေကိုသွားပါ၊ အနားယူပါ၊ နေပူစာလှုံပါ။

-------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်

www.entrepreneursme.com (www.esmemm.com)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။



ESME Logo