Cash Flow Management - ဝင်ငွေလည်ပတ်စီးဆင်းမှု စီမံခန့်ခွဲခြင်း

Cash Flow Management - ဝင်ငွေလည်ပတ်စီးဆင်းမှု စီမံခန့်ခွဲခြင်း
Share this Post:

Cash Flow ကိုစီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းဟာ စီးပွားရေးနယ်ပယ်မှာ အောင်မြင်ချင်တဲ့သူတွေအတွက် မသိမဖြစ် မတတ်လို့မဖြစ် အလွန်အရေးပါတဲ့အရည်အချင်းဖြစ်ပါတယ်။ Financial Statement တွေက ဖော်ပြနေတဲ့ ကိန်းဂဏန်းတွေက သက်ဆိုင်ရာ ကုမ္ပဏီ အကြောင်းကို ဂဃနဏ ပြောပြနေတာကို နားလည်နိုင်ဖို့ လိုပါတယ်။

လူအများစုမှာ ငွေကြေးပိုင်းဆိုင်ရာ အဆင်မပြေဖြစ်ကြခြင်း ရဲ့ အဓိကအကြောင်းရင်းကြီး တစ်ခုကတော့ ငွေကြေးပညာမတတ်လို့ သို့မဟုတ် အားနည်းနေလို့ပါပဲ။ စီးပွားရေးလုပ်ငန်းငယ်လေးတွေရဲ့ ပိုင်ရှင်အတော်များများဟာ သူတို့လုပ်ငန်းရဲ့ အမြတ် (Profit) နဲ့ ဝင်ငွေလည်ပတ်မှု (Cash Flow) အကြား ဘာတွေခြားနားမှုရှိသလဲ   သေချာမသိကြပါဘူး။

အဲဒီလိုမသိတဲ့အတွက် အနာဂါတ်မှာ အကျိုးအမြတ်တွေရှိလာနိုင်မယ့် အလားအလာကောင်းတဲ့ တက်သစ်စ လုပ်ငန်းငယ်လေးတွေ အများအပြား ကျရှုံးကြရပါတော့တယ်။ Cash Flow ဆိုင်ရာမှတ်ရန်အချက်အချို့ကိုဖော်ပြပေး လိုက်ပါတယ်။ သင့်လုပ်ငန်းက နိုင်ငံတကာလုပ်ငန်းကြီးပဲ ဖြစ်ဖြစ်၊ သာမန်ကုမ္ပဏီပဲဖြစ်ဖြစ်၊ ကော်ဖီဆိုင်ပဲဖွင့်ဖွင့် မုန့်ဟင်းခါးပဲရောင်းရောင်း   အောက်ဖော်ပြပါအချက်တွေက အသုံးတည့်မှာပါ။

ကနဦးလုပ်ငန်းစခါစကာလမှာ...

ကိုယ့်လုပ်ငန်းရဲ့ အရောင်းပိုင်းက ငွေစဝင်တဲ့အချိန်အထိ ကိုယ့်လစာမယူပါနဲ့ဦး။ တစ်ချို့လုပ်ငန်း   တွေမှာ လုပ်ငန်းဖွံ့ဖြိုးရေးကာလသတ်မှတ်ထားရင် အဲဒီကာလ မပြီးမချင်း မရောက်မချင်း ကိုယ့်လစာမယူပါနဲ့ဦး။ လုပ်ငန်းရဲ့ ဖွံ့ဖြိုးရေးပိုင်းမှာ ကိုယ့်ဘက်က အချိန်ကို ရင်းနှီးပြီး ဒီလိုမျိုးလုပ်နေတာကို ရင်းနှီးမြုပ်နှံမယ့်လူတွေသိတဲ့အခါ ရင်းနှီးငွေတွေရဖို့ပိုပြီး အခွင့်သာလာစေပါတယ်။

တကယ်တမ်းကျတော့ ဒီလိုလုပ်နိုင်ဖို့ဆိုတာက မိမိ လက်ရှိလုပ်နေတဲ့ အလုပ်ကို လက်မလွှတ်သေးဘဲ တစ်ဖက်ကနေ အခုလိုလုပ်မယ့်စီးပွားရေးကို အချိန်ပိုင်းသဘောမျိုးစလုပ်တာက ပိုကောင်းပါတယ်။ ဒါမှ တစ်ဖက်က ကိုယ့်ဝင်ငွေကို   နောက်တစ်ဖက်မှာ ထည့်ပြီးရင်းနှီးမြုပ်နှံတဲ့အခါ လုပ်ငန်းက ပိုပြီးကြီးထွားမှာပါ။

အရောင်းနှင့် ရရန်ရှိငွေစာရင်းများ

ကိုယ့်ဘက်က ကုန်ပစ္စည်းကိုတင်ပို့ပေးရတာ သို့မဟုတ် ဝန်ဆောင်မှုကို ပေးရတဲ့အခါ Customer   တွေကို ခပ်မြန်မြန်ပဲ Invoice ပို့ဖို့ အကြံပြုချင်ပါတယ် • အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ ငွေပေးချေမှုနောက်ကျရင် ဝယ်သူဘက်က ဘယ်လိုမျိုး အလျှော်ပေးရမယ်ဆိုတဲ့ အချက်မျိုးတွေကိုပါထည့်ပြီးရေးဆွဲထားပါ။ မပါမဖြစ်ပါအောင်လုပ်ပါ။ • ကိုယ့်လုပ်ငန်းကြီးထွား လာတာနဲ့အမျှ ကုန်ရောင်းရငွေသားရတဲ့နှုန်း မြန်ဆန်လာစေဖို့အတွက် ကုန်ဖိုးငွေကို တိုက်ရိုက်ပေးချေခိုင်းတာမျိုး သို့မဟုတ် လုပ်ငန်းရဲ့ ဘဏ်အကောင့်ထဲတိုက်ရိုက်ထည့်ခိုင်းတာမျိုးစီစဉ်ထားပါ။

ထွက်ငွေ နှင့် အခြားပေးရန်ရှိ ငွေစာရင်း များ

ဝင်ငွေလည်ပတ်စီးဆင်းမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းကတော့ ကိုယ်လုပ်ငန်းရဲ့ ထွက်ငွေကဏ္ဍဖြစ်ပါတယ်။ ဒါကို လုပ်ငန်းအများစုက မေ့တေ့တေ့ဖြစ်ချင်ပါတယ်။ ပေးစရာရှိတာတွေကို ခပ်မြန်မြန်ပဲ ပေးဖို့လုပ်ပါ။ ဆိုင်းငံ့ကာလထပ်တိုးပေးဖို့ဆိုတာမျိုးလည်း တောင်းဆိုစရာရှိရင်တောင်းဆိုပါ။ နှစ်လ သုံးလလောက် အချိန်မီ ပေးသွင်းပြီးရင် ကိုယ်ငွေပေးရမယ့် စာချုပ်သဘောတူညီချက်မှာ နောက်ထပ် ကာလဆွဲဆန့်ပေးဖို့ တောင်းဆိုပါ။ Supplier တွေက ကိုယ့်လုပ်ငန်းဟာ ယုံကြည်စိတ်ချရမှုရှိတာသိသွားရင် ရက် ၃၀ ကနေ ရက် ၉၀ လောက်အထိ အကြွေးငွေကို ဆိုင်းငံ့ပေးကြလေ့ရှိပါတယ်။

လုပ်ငန်းရဲ့ Overhead လို့ခေါ်တဲ့ Operation စရိတ်မဟုတ်သော အခြား အထွေထွေအသုံးစရိတ်ပမာဏကို နည်းနိုင်သမျှနည်းအောင် ထိန်းပါ။ လုပ်ငန်းအတွက်တစ်ခုခု ဝယ်စရာရှိတဲ့အခါ အဲဒါကိုဝယ်နိုင်ဖို့အတွက် အသုံးစရိတ်ကိုညှိပြီး ရောင်းရငွေတက်လာအောင် Target ချပြီးလုပ်ပါ။ ရင်းနှီးမြုပ်နှံသူရဲ့ ရင်းနှီးထည့်ဝင်ငွေတွေကို လုပ်ငန်းရဲ့ Operation နဲ့ တိုက်ရိုက်ဆက်နွယ်တဲ့ ကုန်ကျစရိတ်တွေမှာပဲ အသုံးချပါ။ အဲဒီငွေကို တတ်နိုင်သမျှ Overhead အတွက် ထည့်မသုံးမိပါစေနဲ့။ ရောင်းအားတက်လာတဲ့အခါမှာ Overhead နဲ့ ပတ်သက်တဲ့ လုပ်ငန်းအတွက် လိုအပ်ရာပစ္စည်းတွေကို လုပ်ငန်းရဲ့ Cash Flow ကနေ ဝယ်ယူလို့ရပါတယ်။ ဒါပေမဲ့ ရောင်းအားကို ဒီထက်ပိုမြင့်တဲ့ Goal သတ်မှတ်ပြီးမှ ဝယ်ရမှာနော်။

အထွေထွေ ဝင်ငွေစီးဆင်း လည်ပတ်မှုအား စီမံခန့်ခွဲသည့်အပိုင်း

• လုပ်ငန်းမှာရလာတဲ့ ငွေတွေကို ကိုင်မထားဘဲ ဒီထက်ပိုပြီး   ငွေပွားလာစေဖို့အတွက် ရင်းနှီးမြုပ်နှံမယ့် အစီအစဉ်ဆွဲရပါမယ်။ • အခြားချေးငွေလိုအပ်ရင်လည်း ယူလို့ရအောင်   ငွေမလိုလာ ခင်မှာကတည်းက အဆင်သင့်အလွယ်တကူ ယူလို့ရအောင် ဘဏ်နဲ့လည်းကြိုတင်ချိတ်ဆက်ထားရပါမယ်။ • လိုအပ်ရင်   မြန်မြန်ချေး ယူနိုင်အောင် ကိုယ့်ရဲ့ ပိုင်ဆိုင်မှု ( Assets) နဲ့ ပေးရန်ရှိ( Liabilities) လတ်တလော အချိုးကိုလည်း အမြဲတမ်း စာင့်ကြည့်လေ့လာနေရ ပါမယ်။ ၂း၁ လောက်ဆိုရင် စိတ်ချရပါတယ်။

ပြီးတော့ Liquid Assets လို့ခေါ်တဲ့ အလွယ်တကူ ငွေသားအဖြစ်ပြောင်းလို့ရနိုင်မယ့် ပစ္စည်းတွေ နဲ့ လတ်တစ်လောပေးရန်ရှိတဲ့ Current Liabilities တွေရဲ့ အချိုးကလည်း ၁း၁ လောက်ဖြစ်အောင် လုပ်ထားရပါမယ်။ • ကိုယ့်လုပ်ငန်းအတွင်းပိုင်းမှာ ငွေကြေးကိုင်တွယ်စီမံတဲ့အပိုင်းကို ကောင်းကောင်းလည်ပတ်အောင် စီမံထားရမှာပါ။ မမေသင့်တဲ့အချက်တွေကတော့..

(၁) Bank Deposit မှာ ဝင်လာတဲ့ ငွေသားကို မှတ်တမ်းထိန်းရတဲ့ဝန်ထမ်းတွေဆိုတာ အဲဒီငွေတွေကို Accounts Receivable နဲ့ General Ledger တွေထဲကို ထည့်ပေးရတဲ့ ဝန်ထမ်းတွေနဲ့ မတူပါဘူး။ ကွာခြားမှုရှိပါတယ်။

(၂) ချက်လက်မှတ်နဲ့ ပေးချေတယ်ဆိုလည်း Deposit Only ဆိုပြီး ချက်ခြင်းအတည်ပြုသတ်မှတ်ပေးရပါမယ်။

(၃) ချက်လက်မှတ်တွေမှာ လက်မှတ်ရေးထိုးခွင့်ရှိတဲ့ တာဝန်ရှိသူတွေကို ဘောက်ချာဖွင့်ခိုင်းတာတို့ ၊ Expendictures တွေကို record လုပ်ခိုင်းတာတို့ Accounts Payable နဲ့ General Ledger တွေကိုစာရင်းသွင်းခိုင်းတာတို့ မလုပ်ခိုင်းမိပါစေနဲ့။

(၄) Bank Statement တွေနဲ့ပတ်သက်ပြီး ချိန်ညှိတာတွေ လုပ်ဖို့တာဝန်ပေးခံထားရတဲ့ ဝန်ထမ်းကို ပုံမှန်တာဝန်တွေဖြစ်တဲ့   ငွေပေးချေမှုလက်ခံခိုင်းတာတို့၊ ငွေပေးချေခိုင်းတာတို့ လုပ်ခိုင်းလို့မရပါဘူး။ (ဒီကိစ္စမျိုးမှာ အပြင်က Accountant တွေငှားတာ ပိုအဆင်ပြေပါလိမ့်မယ်) ကိုယ့်လုပ်ငန်းရဲ့ ငွေကြေးအနေအထား၊ Fund ငွေလိုအပ်ချက်တွေကို နေ့စဉ်စစ်ဆေးပြီး နောက်ထပ် Fund တွေကို ကြိုတင်ပြီး စောစီးစွာ ပြင်ဆင်ရေးဆွဲထားရပါမယ်။ အများစုက လုပ်ငန်းအောင်မြင်လာရင် ကိုယ့်လုပ်ငန်းရဲ့ Cash Flow ကို စီမံခန့်ခွဲရေးကို မျတ်ခြေပြတ်သွားပါတယ်။

အဲဒီအချက်ကလည်း အောင်မြင်ပြီးမှ ကျရှုံးသွားရတဲ့ အကြောင်းရင်းတွေထဲကတစ်ခု ပါပဲ။ ဒီတော့ လုပ်ငန်းတစ်ခု ရေရှည်အောင်မြင်ဖို့ဆိုရင် ငွေကြေးလည်ပတ်စီးဆင်းမှုကို ကောင်းစွာ ထိန်းသိမ်းစီမံတတ်တဲ့ပညာက အရေးကြီး လှပါကြောင်း.... အောင်မြင်ချမ်းသာပြီး လူ့အသိုင်းအဝိုင်းကို အကျိုးပြန်ပြုနိုင်သော စီးပွားရေးလုပ်ငန်းရှင်များ   ပေါ်ထွန်းလာစေ လိုသော ဆန္ဒမွန်ဖြင့်...... Credit to: ကိုအောင်ဇင်ပြည့် (စွန့်ဦးတီထွင်လုပ်ငန်းရှင် စာမျက်နှာမှာ)

-------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်

www.entrepreneursme.com (www.esmemm.com)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။



ESME Logo